Vivo ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက လက်ရှိအသုံးပြုနေတဲ့ Funtouch OS အစား Origin OS လို့နာမည်ပေးထားတဲ့ UI အသစ်ကို မိတ်ဆက်မယ်ဆိုပြီး အတည်ပြုခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Origin OS ကို လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားလိုက်ပြီဖြစ်ပါတယ်။

အဆိုပါအချိန်ဟာ Vivo ရဲ့ Vivo Developer Conference (VDC 2020) ကိုလည်း ကျင်းပသွားမှာဖြစ်ပြီး Origin OS ကိုပါ တပါတည်းမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Slogan အနေနဲ့ “Brave New World” ဆိုပြီး နာမည်ပေးထားတဲ့အတွက် လက်ရှိ Funtouch OS ကနေ တောတ်တော်လေးကို ကွာခြားသွားနိုင်ပါတယ်။

Vivo ရဲ့ Origin OS ကို Origin Studio လို့ နာမည်ပေးထားတဲ့ ကုမ္ပဏီရဲ့ အသင်းအဖွဲ့ကနေ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်း Vivo ရဲ့ Funtouch OS တွေဟာ Stock Android နဲ့လုံးဝမတူဘဲ ကွဲပြားနေအောင် Customized ပြုလုပ်ထားတာဖြစ်ပေမယ့် အခု Origin OS ကတော့ Stock Android ပုံစံနဲ့ အနီးစပ်ဆုံး တူညီမယ်လို့ ယူဆရပါတယ်။

လောလောဆယ်အထိ ထွက်ရှိထားတဲ့သတင်းတွေအရတော့ Origin OS မှာ Stock Android Version ကို ပြောင်းလဲနိုင်တဲ့ Quick Toggle လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ယခု Origin OS ဟာ Vivo စမတ်ဖုန်းတွေအတွက်တော့ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာဖို့ များနေပါပြီ။

Ref – GSM Arena