Vivo ရဲ့ စမတ်ဖုန်းတွေဟာ Android Update ရတာနောက်ကျလေ့ရှိပါတယ်။ Android 10 ဖြန့်ချိချိန်ဟာလည်း ထုံးစံအတိုင်း နောက်ကျနေပါတယ်။  Vivo က Android 10 အခြေပြု Funtouch OS 10 ရမယ့် Device စာရင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Device စာရင်းအသစ်ကို ထပ်မံထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းဟာ တရုတ်အတွက် ဖြစ်ပြီး နိုင်ငံတကာမှာ ဒီထက်နောက်ကျပြီးမှ ရမှာပါ။

Android 10 အခြေပြု Funtouch OS 10 ရမယ့် အစောဆုံး Device တွေက NEX 3 နဲ့ NEX 3 5G တို့ ဖြစ်ပြီး မတ်လ ၁၄ ရက်နေ့မှာ ရကြမှာပါ။ ဒါပေမယ့် စောစောစာရင်းသွင်းထားတဲ့ လူ ၄ ထောင်အတွက်ပဲ ဖြန့်ချိပေးမှာပါ။ မတ်လနှောင်းပိုင်းမှာ X27 နဲ့ X27 Pro တို့ ရကြမှာ ဖြစ်ပြီး အဲဒီနောက်မှာ NEX S, NEX A, NEX A နဲ့ NEX Dual Display တို့အတွက် ဧပြီလ အစောပိုင်းမှာ ဖြန့်ချိပေးမှာပါ။

ဧပြီလလယ်မှာ  Vivo S5 မှာ ရမှာ ဖြစ်ပြီး Z5, Z5i, Z5x, S1 နဲ့ S1 Pro တို့အတွက် ဧပြီလနှောင်းပိုင်းမှာ ဖြန့်ချိပေးမှာပါ။ Vivo Z3 , Z3i နဲ့ X23 တို့ဟာ ဇွန်လမှာ ရကြမှာပါ။ ဒါဟာ Android 10 အခြေပြု Funtouch OS 10 ရမယ့် နောက်ဆုံးထုတ် စာရင်း ဖြစ်ပါတယ်။ ဒီစာရင်းမှာ သင့် ဖုန်း မပါလို့ စိတ်ညစ်နေစရာ မလိုပါဘူး။ Vivo က Device အသစ်တွေပါတဲ့ စာရင်းကို နောက်ပိုင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena