Vivo ဟာ မကြာခင်က T1 နဲ့ T1x တို့ကို ကြေညာခဲ့ပြီး အခုတော့ တတိယမြောက် Vivo T1 5G ကိုချပြလိုက်ပါပြီ။ အိန္ဒိယမှာ ကြေညာလိုက်တာ ဖြစ်ပြီး တခြား T1 Series ဖုန်း ၂ လုံးနဲ့ နာမည်တူပေမယ့် Specs တွေ တော်တော်ကွဲပြားပါတယ်။

vivo T1 5G in Starlight Black and Rainbow Fantasy

Vivo T1 5G မှာ ၆.၅၈ လက်မ IPS LCD FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ပါပါတယ်။ အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 50MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါပါတယ်။ Snapdragon 695 Chip မောင်းနှင်ထားပြီး 4GB, 6GB နဲ့ 8GB RAM တွေ ထည့်သွင်းထားပါတယ်။ 128GB Storage ပါလာသလို microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်ကို ပလတ်စတစ်ကာဗာနဲ့ ဖုံးအုပ်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

vivo T1 5G goes official with 120Hz LCD and SD 695

ဆော့ဖ်ဝဲအကြောင်းပြောရရင် Android 11 အခြေပြု Funtouch OS 12 မောင်းနှင်ထားပြီး 18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။ စတီရီယို စပီကာတွေနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပြီး Starlight Black နဲ့ Rainbow Fantasy အရောင်တွေ ထုတ်လုပ်ထားပါတယ်။

တန်ဖိုးအနည်းဆုံး 4GB RAM နဲ့ 128GB Storage Version ကို ၁၄,၉၉၀ ရူပီး၊ 6/128GB ကို ၁၅,၉၉၀ ရူပီးနဲ့ 8/128GB ကို ၁၈,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၃၅၀,၀၀၀ ၊ ၃၈၀,၀၀၀ နဲ့ ၄၅၀,၀၀၀ ကျပ် အသီးသီး ကျသင့်မှာပါ။ ဒီလ ၁၄ ရက်နေ့မှာ Vivo ရဲ့ တရားဝင် အွန်လိုင်းနဲ့ မြေပြင်စတိုးတွေကနေ ရောင်းမှာပါ။

Ref : gsmarena