vivo က T3, T3x နဲ့ T3 Lite ကို ကြေညာထားပြီး အခုတော့ T3 Pro ကို ချပြလိုက်ပါတယ်။ vivo T3 Pro မှာ 6.77” 120Hz Curved AMOLED Display တပ်ဆင်ထားပြီး 2932x1080p Resolution , 387 ppi  နဲ့ 4500 Nits Peak ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

vivo T3 Pro unveiled: Snapdragon 7 Gen 3, 120Hz curved display, and 5,500 mAh battery

T3 Pro အတွက် Sandstone Orange နဲ့ Emerald Green အရောင် ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Flicker Sensor ၃ လုံး တပ်ဆင်ထားပါတယ်။ 4K Video ရိုက်နိုင်ပြီး AI Erase နဲ့ AI Photo Enhance Features တွေ ပါပါတယ်။

vivo T3 Pro unveiled: Snapdragon 7 Gen 3, 120Hz curved display, and 5,500 mAh battery

T3 Pro မှာ Snapdragon 7 Gen 3 SoC မောင်းနှင်ထားပြီး Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပါတယ်။ 80W Charging ထောက်ပံ့တဲ့ 5,500mAh Battery တပ်ဆင်ထားပြီး IP64 စံနှုန်း ထောက်ပံ့ထားပါတယ်။

T3 Pro အတွက် 8/128GB, 8/256GB ထုတ်လုပ်ထားပြီး ၃၀၀ ဒေါ်လာနဲ့ ၃၂၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Ref: gsmarena