vivo က တန်ဖိုးနည်း စွမ်းရည်သင့် T3x ကို ကြေညာလိုက်ပြီး 120Hz LCD , Snapdragon 6 Gen 1 Chipset နဲ့ 44W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh Battery ပါပါတယ်။

vivo T3x

T3x မှာ 6.72” LCD FHD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1,000 Nits Peak Brightness ပါလာပြီး Punch Hole မှာ 8MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

vivo T3x announced SD 6 Gen 1 and 6,000 mAh battery with 44W charging

Snapdragon 6 Gen 1 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ microSD Card လည်း စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ပါလာပြီး Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပါတယ်။ အရွယ်ကြီး 6,000mAh Battery ကို ၄ နှစ်သုံးပြီးရင် ၈၀ ရာခိုင်နှုန်း ကျန်သေးတယ်လို့ vivo က ပြောပါတယ်။

vivo T3x announced SD 6 Gen 1 and 6,000 mAh battery with 44W charging

Crimson Bliss နဲ့ Celestial Green အရောင်တွေ ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ဒီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ 4/128GB ကို ၁၆၁ ဒေါ်လာနဲ့ 8/256GB ကို ၁၉၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena