Vivo က နောက်ထွက်မယ့် S15 ရဲ့ တရားဝင် ဓါတ်ပုံတွေကို တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ပြသလိုက်ပြီး အရောင်တွေကို လေ့လာလို့ရလာပါတယ်။ Vivo S15 , S15 Pro နဲ့ TWS Air နားကြပ်တွေကို မေလ ၁၉ ရက်နေ့ တရုတ်မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။

Vivo S15 official renders emerge to confirm color variants - Gizmochina

Vivo S15 မှာ ၆.၆၂ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 1080p Resolution ရှိမှာပါ။ 120Hz Refresh Rate ထောက်ပံ့ထားမယ့်အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းမှာပါ။ Qualcomm Snapdragon 870 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB or 12GB RAM ထည့်သွင်းထားမှာပါ။ 80W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ပါလာမှာပါ။

ကင်မရာတွေအကြောင်း ပြောရရင် Vivo S15 မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 16MP ဆဲလ်ဖီး ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားမှာပါ။

Vivo S15 Pro မှာ ပိုမိုကြီးမားတဲ့ ၆.၅၆ လက်မ 120Hz AMOLED မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး Dimensity 8100 Chipset မောင်းနှင်ထားမှာပါ။ Main ကင်မရာအနေနဲ့ 50MP ကို အသုံးပြုထားမှာပါ။

Vivo S15 အတွက် Blue , Gold နဲ့ Black ၃ ရောင်ထုတ်လုပ်ထားမှာပါ။

Vivo TWS Air နားကြပ်တစ်ခုစီရဲ့ အလေးချိန်ဟာ ၃.၅ ဂရမ်ပဲရှိပြီး 14.2mm Driver ထည့်သွင်းထားမှာပါ။

Ref : gsmarena