V27 series ရှိနေကြောင်းကို vivo က တရားဝင် အတည်ပြုပေးလိုက်ပါပြီ။ V27 စီးရီးကို အိန္ဒိယဈေးကွက်မှာ သိပ်မကြာခင် ဖြန့်ချိမှာပါ။ အခုထုတ်ပြန်ပေးလိုက်တာက  V27 ရဲ့ မျက်နှာပြင်နဲ့ ကျောဘက်ကင်မရာတည်ဆောက်ပုံကို သိစေနိုင်တဲ့ ရုပ်ပုံတချို့ပဲ ဖြစ်ပါတယ်။

ကုမ္ပဏီက တရားဝင်ထုတ်ပြန်ပေးလိုက်တဲ့ ပုံတွေအရ V27 ရဲ့ မျက်နှာပြင်ဟာ Curved display အဖြစ် မြင်တွေ့ရပါတယ်။ ပြီးခဲ့တဲ့ V25 စီးရီးမှာတုန်းကတော့ V25 Pro မှာပဲ Curve display ဖြစ်ခဲ့တာပါ။ Vanilla V25 နဲ့ V25e မှာတော့ ပုံမှန် Flat display တွေ သုံးထားပါတယ်။ အခု V27 စီးရီးမှာတော့ V27 ရော V27 Pro နှစ်မျိုးစလုံးမှာ Curved display သုံးလာမယ်လို့ မျှော်လင့်ရပါတယ်။

Google Paly Console အရ V27 Pro နဲ့ V27e နှစ်မျိုးစလုံးဟာ 1,080 x 2,400px resolution တွေ နဲ့ဖြစ်ကြောင်း သိရပါတယ်။ Pro မော်ဒယ်ဟာ Dimensity 8200 ကို အသုံးပြုထားပြီး e-phone ကတော့ Helio G99 ရရှိမှာ ဖြစ်ပါတယ်။ Vanilla မော်ဒယ်ကတော့ (အမျိုးအမည်မသိရသေးတဲ့) MediaTek chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ (Dimensity 1050 နဲ့ 8000 ကြား တစ်မျိုးမျိုးကို အသုံးပြုထားမယ်လို့တော့ ခန့်မှန်းရပါတယ်)

Vivo V27 စီးရီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းတုန်းက တရုတ်ဈေးကွက်မှာ ရောင်းချခဲ့တဲ့ S16 ဖုန်းတွေနဲ့ ကျောဘက်ဒီဇိုင်း တည်ဆောက်ပုံချင်း ဆင်တူနေတာကို တွေ့ရပါတယ်။ vivo S16 Pro ဟာ Dimensity 8200 ကို အသုံးပြုထားတာပါ။ vivo S16 ကတော့ Snapdragon 870 5G ကို သုံးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် V27 စီးရီးအနေနဲ့ S16 တွေနဲ့ သိပ်ပြီး မကွာခြားဘူးလို့ပဲ ယုံကြည်ရပါတယ်။

Ref: GSM Arena