Vivo ကနေ အခုအချိန်မှာတော့ Vivo ရဲ့ ရောင်းအားကောင်းတဲ့ V Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ V19 Series ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခုသတင်းကို Vivo Indonesia ရဲ့ Twitter Account ကနေတစ်ဆင့် တင်ထားခဲ့တာဖြစ်ပြီး လာမယ့် မတ်လ ၁၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ Vivo ကတော့ အခု V19 စမတ်ဖုန်းကို “#PerfectNightPerfectYou”ဆိုတဲ့ Hashtag နဲ့ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Vivo V19 ရဲ့ ဓါတ်ပုံတွေကိုပါ ဖော်ပြထားခဲ့ပြီးတော့ Quad Camera Setup အပြင် Selfie Camera ကိုလည်း Pop-up အစား Punch hole အနေနဲ့ ပြောင်းလဲထားတာဖြစ်ပါတယ်။ Back Camera ရဲ့ Primary Sensor ကိုတော့ 48MP အသုံးပြုထားမှာဖြစ်ပြီး Selfie Camera အနေနဲ့ 32MP ပါဝင်မယ်လို့ သိရပါတယ်။

Vivo V19 စမတ်ဖုန်းဟာ In-display Fingerprint Sensor ၊ USB-C နဲ့ 3.5mm Headphone Jack တွေပါဝင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Vivo ရဲ့ V Series ဖုန်းသစ်တွေကို မကြာခင်မှာ တရားဝင်မြင်ရတော့မှာပါ။

Ref – GSM Arena