Vivo V19 သည် Vivo မှ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လုပ်ထားသော ကင်မရာစနစ်အသစ်၊ ဘက်ထရီ လျင်မြန်စွာ အားသွင်းခြင်းစနစ် အပြင် Super AMOLED မျက်နှာပြင်တို့ ပါဝင်သည့် အဆင့်မြင့် ဈေးနှုန်းအသင့်အတင့်နှင့် စွမ်းဆောင်ရည် မြင့်မားသော စမတ်ဖုန်းတစ်လုံးဖြစ်ပါသည်။ ထို့အပြင် V19တွင် အလင်းရောင်လျော့နည်းသည့် နေရာများတွင် ပြီးပြည့်စုံသော ဓာတ်ပုံရရှိစေရန် Low-Light Photography နည်းပညာ ကိုလည်း အလေးပေး ထည့်သွင်းထားသည်။

Vivo ၏ V စီးရီးအတွက်နောက်ဆုံးထွက်ရှိလာသော ဤဖုန်းကို ပြီးခဲ့သော မေလ ၈ရက်နေ့ကမြန်မာနိုင်ငံတွင် အွန်လိုင်းမှ Live Stream ထုတ်လွှင့် မိတ်ဆက်ပေးခဲ့ပြီး အဆင့်မြင့် တီထွင်ဖန်တီးထားမှုများ၊ display နှင့် ရှေ့နှင့်နောက် နှစ်မျိုးစလုံးတွင် တပ်ဆင်ထားသော multi- optic camera များအကြောင်းများကိုလည်း အထူးရှင်းပြပေးခဲ့သည်။ Vivo V19 တွင် Gleam Black နှင့် Sleek Sliver ဟူ၍ ရွေးချယ်စရာ အရောင်နှစ်မျိုး ရရှိနိုင်ပြီး မေလ ၁၆ရက်မှ စတင်ကာ ၅၇၉,၈၀၀ ကျပ်နှင့် ဝယ်ယူနိုင်တော့မည်ဖြစ်ပါသည်။

V19 ကို ကြိုတင်အော်ဒါမှာယူထားသူများနှင့် ပထမဆုံးနေ့တွင် ဝယ်ယူသူများကို စတင်ရောင်းချသည့်နေ့မှာပင် ပေးအပ်ခဲ့သည်။ V19 စတင်ထွက်ရှိလာမှု အထိမ်းအမှတ်အဖြစ် ဝယ်ယူအားပေးသော customer များကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မေလ ၁၆ရက်မှစ၍ ဝယ်ယူသူများကို 10,000 mAh ရှိ power bank များ လက်ဆောင် ပေးသွားမည် ဖြစ်ပါသည်။ အွန်လိုင်းမှ စတင်မိတ်ဆက်သည့် မေလ ၈ ရက်နေ့မှစ၍ ၎င်း၏ နောက်ဆုံးပေါ် feature များနှင့် စွမ်းဆောင်ရည်ကောင်းမှုတို့ကြောင့် V19 အပေါ် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည်။၂၀:၉ ရှုထောင့် အချိုးအစားရှိ V19 တွင် HD resolution အပြည့်အဝ ပေးစွမ်းနိုင်သော ၆.၄၄ လက်မ အကျယ်ရှိ Super AMOLED မျက်နှာပြင် ဖြင့် ထုတ်လုပ်ထားသည်။ အရှေ့ဘက် Selfie ကင်မရာ များအတွက် ဖုန်း၏ မျက်နှာပြင်တွင် Cut-out punch hole နှစ်ခုနှင့် အနောက်တွင် အလင်းပြန်သောရောင်ပြေးဒီဇိုင်း အသီးသီးပါရှိသည်။ဖုန်း၏ မျက်နှာပြင်တွင် ပတ်ဝန်းကျင် အခြေအနေ ပေါ်မူတည်၍ အလင်းရောင်အား အလိုအလျောက် ချိန်ညှိပေးသော ပတ်ဝန်းကျင် အလင်းရောင် အာရုံခံသည့် စနစ်လည်းပါရှိသည်။

V19 ကို အလွန်ခိုင်မာသည့် Gorilla Glass နှင့် ဖန်တီးထားပြီး Qualcomm Snapdragon 712 system on chip ကိုအသုံးပြုကာ 8GB RAM နှင့် 128 GB အထိ Internal storage memory များကို သိမ်းဆည်း ထားနိုင်သည်။ ၄၅၀၀ mAh ဘက်ထရီကို USB-C ဖြင့် အားသွင်းနိုင်သည်။ ၎င်းအပြင် V19၏ 33W FlashCharge 2.0 ကြောင့် မိနစ်၃၀ အတွင်း ဖုန်းအား ၀%မှ ၅၄% အထိ မြန်ဆန်စွာ ဘက်ထရီသွင်းနိုင်ရန် ထောက်ပံ့ပေးသည်။ဖုန်း၏ လုံခြုံမှုအတွက် In-display fingerprint scanner နှင့် Network ချိတ်ဆက်အသုံးပြုရန်အတွက် 4G LTE၊ Wi-Fi၊ Bluetooth 5.0၊ dual SIM ကဒ် နှင့် Type-C port တို့ပါဝင်သည်။

Selfie ချစ်သူများအတွက် နောက်ဘက်တွင် 48 MP ပင်မကင်မရာ၊ 8MP Ultra-wide angle ကင်မရာ၊ 2MP macro ကင်မရာ နှင့် 2MP bokeh ကင်မရာ တို့ပါဝင်သော ကင်မရာစနစ်ထည့်သွင်းထားသည်။ 120 ဒီဂရီ Ultra- wide lens ကြောင့် မည့်သည့်မြင်ကွင်းကိုမဆို frame တစ်ခုအတွင်း အမိအရဖမ်းယူနိုင်သည်။ ရှေ့ဘက်ရှိ 32 MP ပင်မကင်မရာနှင့် 8 MP မြင်ကွင်းကျယ်ကင်မရာ နှစ်လုံးပါသော စနစ်က stay at home ကာလများတွင် မိမိတို့၏ သူငယ်ချင်းများနှင့် မိသားစုများဆီ သို့ဗီဒီယိုခေါ်ဆိုမှုများပြုလုပ်လိုသောအသုံးပြုသူများအတွက် ၁၀၈ ဒီဂရီ မြင်ကွင်းကျယ်ဖြင့်ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်အောင်ကူညီပေးသည်။

Vivo သည် မြန်မာနိုင်ငံသို့ စမတ်ဖုန်း မော်ဒယ်အသစ် အသစ်များကို မိတ်ဆက်ပေးလျက်ရှိသည့်အလျောက် ကင်မရာအသားပေးဖြစ်သော V စီးရီးဖုန်းများသည် ဝယ်ယူသူများ၏ အစဉ်အဆက် အားပေးမှု ကိုရရှိနေဆဲ ဖြစ်ပါသည်။ထိုအားပေးမှုများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပထမဆုံးအဖြစ် Dual-camera hole punch ပါဝင်သော V19 ကိုလည်း ထပ်မံထုတ်လုပ်ထားပါသည်။ Vivo သည် customer များ၏လိုအပ်များနှင့်အညီ ခေတ်မီဆန်းသစ်သော စမတ်ဖုန်းများကို တီထွင်ဖန်တီးလျက်ရှိပါသည်။ ထိပ်တန်းနည်းပညာများ၊ အလွန်အဆင့်အတန်းမြင့်မားသော ဒီဇိုင်းများ၊ သာလွန်ထူးခြားသော စွမ်းဆောင်ရည်များဖြင့် ထုတ်လုပ်ထားသော V19 သည် ထိပ်တန်းကင်မရာ အရည်အသွေး ကိုအသုံးပြုလိုသည့် customer များ၏ လိုအင်ဆန္ဒများနှင့်ထပ်တူကျစေမည့် အကောင်းဆုံးနှင့် အရွေးချယ်သင့်ဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ပါသည်။

ယခုကဲ့သို့ အပြင်မထွက်ရကာလတွင်လည်း သုံးစွဲသူများ အဆင်ပြေ လွယ်ကူစေရန် ရည်ရွယ်၍ Vivo Myanmar အနေဖြင့် Vivo ဖုန်းဝယ်ယူမှုများကို ပို့ခ အခမဲ့ဖြင့် အွန်လိုင်းမှ မှာယူစနစ်ကျင့်သုံးနေပြီး ငွေပေးချေမှုစနစ်အမျိုးမျိုးဖြင့် ပေးချေနိုင်မည်ဖြစ်သည်။ တီထွင်ဖန်တီးမှုကောင်းသော Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက www.vivo.com နှင့် Vivo ၏ Official Facebook Page https://www.facebook.com/vivomobileMM/ တွင် ကြည့်ရှုနိုင်ပါသည်။

Source – Vivo