ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ တစ်ခုဖြစ်သော Vivo မှ ၎င်း၏ V19 ဖုန်းအသစ်ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ V19 တွင် ထူးခြားချက်အနေဖြင့် dual front 32MP + 8MP Super wide-angle ကင်မရာနှင့် AMOLED FHD + Ultra O မျက်နှာပြင် ဒီဇိုင်းတို့ပါဝင်ပြီး ထူးကဲသော Selfie စွမ်းရည်များ၊ အဆင့်မြင့်နည်းပညာများနှင့် သုံးစွဲသူများအတွက် ဆန်းသစ်သော အသွင်အပြင်ကို ပေးစွမ်းနိုင်သည်၊၊ V19 အွန်လိုင်း မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့ ညနေ ၆ နာရီက Vivo Myanmar Facebook Page စာမျက်နှာမှတစ်ဆင့် တင်ဆက်ခဲ့ပြီး ဖြစ်ပါသည်။
“Vivo က သုံးစွဲသူတွေကို ရှေးရှုပြီး ဆန်းသစ်တီထွင်မှုတွေလုပ်နေပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို အပြည့်အဝနားလည်ပြီး ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ Vivo V19 မှာ ပေါ်လွင်ပါတယ်။ ထိပ်တန်း Selfie နည်းပညာ၊ လှပခန့်ညားတဲ့ ဒီဇိုင်း ၊ ခိုင်မာတဲ့ စွမ်းဆောင်ရည်နဲ့အတူ V19 ဟာ ကင်မရာ နဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပြည့်စုံစေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ Vivo အနေနဲ့ ကျွန်တော်တို့ သုံးစွဲသူများရဲ့ လိုအပ်ချက်အတွက် ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီတဲ့ နည်းပညာ အသစ်တွေကို စဉ်ဆက်မပြတ် တီထွင်ဖန်တီးသွားမှာပါ” ဟု Vivo Mobile Myanmar ရဲ့ Chief Operation Officer ဖြစ်သူ Mr. Nelson Ni မှ ပြောကြားခဲ့သည်။ “V19 က ခေတ်နဲ့ကိုက်ညီတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အတွက် လူနေမှုဘဝကို အဆင့်အတန်းမြင့်စေပါတယ်။” ဟု ထပ်မံပြောကြားခဲ့သည်။
“ရှေ့ကင်မရာအနေနဲ့ ၂လုံးပါရှိပြီး ပထမဆုံးအဖြစ် In-Display Fingerprint Scanning နည်းပညာလည်း ပါဝင်တဲ့ V19 ဟာ အခု မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တဲ့အကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အသိပေးကြေညာပါရစေ။ Vivo ရဲ့ V စီးရီးက camera အသားပေးတဲ့ စီးရီးဖြစ်တဲ့အတွက် ဒီ V19 မှာလည်း 32MP အရှေ့ကင်မရာနှစ်လုံးပါဝင်ပြီး ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ကောင်းမွန်လှပတဲ့ ဆယ်ဖီပုံများကိုဖမ်းယူနိုင်ပါတယ်” ဟု Vivo Mobile Myanmar ၏ Product Manager ဖြစ်သူ ကိုအောင်မင်းက ပြောကြားသည်။
နောက်ဆုံးပေါ် ကင်မရာ နည်းပညာဖြင့် လှပသော Selfies ကို ရရှိစေခြင်း
V19 တွင် အရှေ့ဘက်ကင်မရာနှစ်လုံး အနေဖြင့် 32 MP ပင်မကင်မရာနှင့် 8MP အထူးမြင်ကွင်းကျယ် ကင်မရာတို့ပါရှိသည့်အတွက် အသုံးပြုသူများအတွက် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အကောင်းဆုံး Selfie ကို ပေးစွမ်းနိုင်ပါသည်။ အသက်ဝင်သောရိုက်ချက်များအတွက် အနီးမြင်ကွင်းနှင့် နောက်ခံမြင်ကွင်းကြား အချိုးအစားကို ကောင်းမွန်စွာ ချိန်ညှိပေးနိုင်သည့် AI algorithm ပါဝင်သော ရှေ့ကင်မရာသည် wide-angle selfie ကို 105 degrees အထိ ရိုက်ကူးနိုင်ပါသည်။ ထို့အပြင် Ultra-Stable Selfie Video ပါဝင်သည့်အတွက် မြင်ကွင်းကျယ် selfie ဗီဒီယိုများကို တည်ငြိမ်စွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။
Vivo V19 ၏အနောက်ဘက်အခြမ်းတွင် 48 MP ပင်မ ကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP macro ကင်မရာ နှင့် 2MP bokeh ကင်မရာ တို့ပေါင်းစပ်ထားသည့် စွမ်းဆောင်ရည်မြင့် AI Quad Camera ပါဝင်သည်။ V19 တွင် Ultra Stable Video အပြင် ပညာရှင်တစ်ဦးကဲ့သို့ လွယ်ကူစွာ တည်းဖြတ်နိုင်ရန် AI Video Filter ၊ AI Video Editor ၊ AI Image နှင့် AI Image Matting ကဲ့သို့ AI ရုပ်ပုံနှင့် ဗီဒီယိုလုပ်ဆောင်ချက်များ ပါဝင်ပါသည်။
ရှေ့ကင်မရာနှင့် နောက်ကင်မရာနှစ်ခုလုံးတွင် ညအချိန်၌ပင် ရင်သပ်ရှုမောဖွယ်ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် အထူးစနစ်များ တပ်ဆင်ထားသည်။ ရှေ့ကင်မရာ၏ Super Night Selfie Mode သည် Layer-Based Beautification ၊ Spatial Merging Denoising နှင့် Multiple Exposure လုပ်ဆောင်ချက်များပါဝင်သည့်အတွက် အသုံးပြုသူများကို ညအချိန်တွင် မြို့ပြမိုးကုပ်စက်ဝိုင်းတွင်ဖြစ်စေ (သို့မဟုတ်) ကျေးလက်၏ကြယ်စုံလင်သော ကောင်းကင်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင်မဆို နောက်ခံ အလှတရားတို့ကို နောက်ခံထားသည့် Selfieအလှများကို ဖမ်းယူရရှိနိုင်မှာဖြစ်ပါသည်။ အနောက်ကင်မရာ၏ Multi-Frame Screening ၊ Temporal Alignment နှင့် Spatial Merging Denoising တို့ပါဝင်သော Super Night Portrait Mode သည် သုံးစွဲသူများကို ညအချိန်တွင်ပင်ဘဝ၏ ကြည်နူးဖွယ်ရာ အချိန်များအား high-resolution ဓာတ်ပုံများအဖြစ် ဖမ်းယူသိမ်းဆည်းနိုင်စေမည်ဖြစ်သည်။
ဆန်းသစ်သော Display နှင့် ထူးခြားသော ဒီဇိုင်းအသွင်အပြင်
V19 တွင် သာလွန်ကောင်းမွန်သော E3 OLED ကိုသုံးထားသော ၆.၄၄ လက်မ အကျယ် AMOLED FHD + Ultra O မျက်နှာပြင်ပါဝင်ပြီး 100% DCI–P3 color gamut အထိ ထောက်ပံ့ပေးသဖြင့် အသက်ဝင်တောက်ပသော အရောင်များထုတ်ပေးနိုင်သည်။ မျက်နှာပြင်အလင်းသည် ပတ်ဝန်းကျင်အလင်းနှင့် အညီ အလိုအလျောက် ညှိပြီး E2 OLED ထက်အပြာရောင် အလင်း ၄၂ ရာခိုင်နှုန်း ပိုမိုစစ်ထုတ်ပေးနိုင်သဖြင့် သုံးစွဲသူအတွက် ကျန်းမာရေးဆိုးကျိုးပိုနည်းစေသည်။
Vivo ၏ သုံးစွဲသူရှေးရှုကာဒီဇိုင်းဖန်တီးမှုအစဥ်အလာကို ဆက်ခံသော V19 ကို သက်တောင့်သက်သာဖြစ်ပြီး စတိုင်ကျစေရန် ပုံဖော်ထားသည်။ ကိုင်တွယ်ရလွယ်သော 3D ထောင့်ချိုးများရှိသည့် V19 သည် အသုံးပြုသူ၏ လက်တွင် အံဝင်ခွင်ကျဖြစ်နေစေပြီး Corning Gorilla Glass 6 က ခန့်ညားကျော့ရှင်းမှုကို ပေးစွမ်းပါသည်။
နေ့စဥ်လှုပ်ရှားသွားလာသော အသုံးပြုသူအတွက် အားကောင်းသော စွမ်းဆောင်ရည်ဖြင့် တစ်နေကုန် ထမ်းဆောင်ခြင်း
သာလွန်ထူခြားသော Selfie လုပ်ဆောင်ချက်များနှင့် သေသပ်သော ဒီဇိုင်းရှိသည့်အပြင် V19 တွင် မြင့်မားသော စွမ်းဆောင်ရည်နှင့် တာရှည်အသုံးခံသောဘက်ထရီ ပမာဏပါရှိသည်။ 4500mAh super capacity ဘက်ထရီကို အချိန်ကြာမြင့်စွာအသုံးပြုနိုင်မည်ဖြစ်ပြီး နေ့စဥ်လှုပ်ရှားသွားလာနေသော သုံးစွဲသူများအတွက် 33W Vivo FlashCharge 2.0 နည်းပညာက 0% မှ 54% သို့ မိနစ် ၃၀ အတွင်း မြန်ဆန်စွာ အားသွင်းပေးနိုင်ပါသည်။
Qualcomm Snapdragon octa-core 712 processor ကြောင့် interface မြန်ဆန်ပြီး ထိပ်တန်းစွမ်းဆောင်ရည်ကို ပေးနိုင်သည်။ V19 ၏ စွမ်းအင်အသုံးပြုမှုများသော AI သုံးကင်မရာလုပ်ဆောင်ချက်များကို ထောက်ပံ့ပေးရန်အတွက် copper tube liquid cooling စနစ်ဖြင့် တည်ဆောက်ထားသဖြင့် CPU သက်တမ်းပိုကြာရှည်ခံသည့်အပြင် ဖုန်း၏ စွမ်းဆောင်ရည်ကိုလည်း စိတ်ချနိုင်ပြီး multitasking ကို အဆင်ပြေစွာပြုလုပ်နိုင်သည်။ 8GB RAM နှင့် 128GB ROM တို့ပါဝင်သဖြင့် အသုံးပြုသူအနေဖြင့် အလုပ်၊ အနားယူမှု၊ ကစားခြင်းစသည်တို့အတွက် လိုအပ်သမျှအားလုံးကို သိမ်းဆည်းနိုင်စေပါသည်။
Touch ထိန်းချုပ်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး FPS ငြိမ်စေရန်ဆောင်ရွက်ပေးသော Multi-Turbo 3.0 အပြင် Fast Screen Capture ၊ Screen Recording နှင့် Game Vibration ကဲ့သို့သော လုပ်ဆောင်ချက်များပါဝင်သည့် Ultra Game Mode တို့ကို V19 တွင် ထည့်သွင်းထားသဖြင့် ဂိမ်းကစားရာတွင် ပိုမိုအဆင်ပြေအားရစေမည်ဖြစ်သည်။
ရရှိနိုင်သော ရွေးချယ်စရာများ
Vivo သည် တိုက်ရိုက် Live ပြသနေတဲ့အချိန်အတွင်း ၅၇၉,၈၀၀ ကျပ် တန်ဖိုးရှိသော V19 ၏ ဈေးနှုန်းကို တရားဝင်ကြေညာခဲ့ပါသည်။ V19 ကို ကိုယ်ထည်အရောင်အားဖြင့် Gleam Black နှင့် Sleek Sliver ဟူ၍ လှပဆန်းသစ်သော အရောင် ၂ မျိုးဖြင့် မေလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြိုတင်မှာယူခြင်းကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ထို ကာလအတွင်းကြိုတင်မှာယူသည့် အသုံးပြုသူများသည် Bluetooth speaker ကိုပါ လက်ခံရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ပထမဆုံးရောင်းချမှုကို မေလ ၁၆ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မေလ ၁၆ ရက်မှ စတင်ဝယ်ယူသူများအား လက်ဆောင်အနေဖြင့် 10,000 mAh ပါရှိသည့် Power Bank ကိုပါ ရရှိမှာဖြစ်ပါသည်။
Source – Vivo