Vivo ဟာ V19 စီးရီး စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ လုပ်ကိုင်နေကြောင်း သတင်းတွေထွက်ထားပါတယ်။ အခု နောက်ဆုံးထွက်လာတဲ့ သတင်းမှာတော့ Vivo India ဟာ Vivo V19 ဖုန်းတွေအတွက် ကြိုတင်အမှာစာကို ဖေဖော်ဝါရီလကုန်မှာ စတင်ကောက်ယူလာနိုင်ကြောင်း ဖော်ပြလာခဲ့ပါတယ်။

ဒါ့ကြောင့် Vivo V19 စမတ်ဖုန်းတွေဟာ အိန္ဒိယဈေးကွက်ကို မတ်လထဲမှာ ရောက်လာမှာဖြစ်ပြီး Dual Punch-hole ဆဲလ်ဖီကင်မရာပါဝင်တဲ့ ပထမဆုံး Vivo ဟန်းဆက်တွေ ဖြစ်လာမယ်လို့လည်း ယုံကြည်ရပါတယ်။ Vivo V19 ရဲ့ ရှေ့ဘက်မှာ ဆဲလ်ဖီကင်မရာနှစ်ခုအတွက် ဆေးတောင့်ပုံသဏ္ဍာန် ဖြတ်ရာပါဝင်ကြောင်း အတွင်းလူတစ်ဦးက ထုတ်ဖော်ခဲ့တာပါ။

ဆဲလ်ဖီကင်မရာနှစ်ခုရဲ့ ဒုတိယမြောက် Lens ကတော့ Depth Sensor ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က တရားဝင်မိတ်ဆက်ခဲ့တဲ့ Vivo V17 ဖုန်းဟာ နောက်ကင်မရာလေးလုံးပါဝင်ခဲ့တာကြောင့် V19 မှာလည်း Quad-cam ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် In-display Fingerprint ကိုလည်း တွေ့ရမှာပါ။

Vivo V19 အပြင် သူ့ထက်နည်းနည်း Upgrade ပိုဖြစ်တဲ့ V19 Pro ကိုပါ မြင်ရမယ်လို့ မျှော်လင့်ထားပေမယ့် တပြိုင်တည်း မိတ်ဆက်လာဖို့တော့ အခွင့်အရေးနည်းပါတယ်။ ဖုန်းနှစ်လုံးမှာ Pro မော်ဒယ်က အိန္ဒိယဈေးကွက်ကို အရင်ရောက်လာဖို့ များပါတယ်။

အိန္ဒိယနိုင်ငံမှာ ခေတ်စားတဲ့ ခရစ်ကက်အားကစားနည်းရဲ့ IPL ပြိုင်ပွဲ စတင်တဲ့ မတ်လ ၂၉ ရက်နေ့မှာ ဈေးကွက်ထဲကို V19 စီးရီးအား အရောက်ပို့လာမယ်လို့လည်း ယူဆရပါတယ်။ Vivo V19 စီးရီးဟာ ရူပီး ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြား (မြန်မာငွေ လေးသိန်းကနေ ခြောက်သိန်းကြား) ရှိနိုင်ပါတယ်။

Ref – Gizmo China