[Unicode]

ဒီရက်ပိုင်းအတွင်းမှာ တရုတ် 3C နဲ့ TENAA တို့ဟာ မော်ဒယ်နံပါတ် V1950A နဲ့ Vivo ရဲ့ Device တစ်ခုကို Certification ပေးခဲ့ပါတယ်။ 3C နဲ့ TENAA တို့ကတစ်ဆင့် Device ရဲ့ မျက်နှာပြင်အရွယ်အစား၊ ဘက်ထရီ ပမာဏ နဲ့ အားသွင်းမြန်နှုန်း စတဲ့အချက်တွေကို သိခွင့်ရခဲ့ပါတယ်။

V1950A ဟာ 2.84GHz Octa-core processor အသုံးပြုထားတာ ဖြစ်ပါတယ်။ Snapdragon 865 SoC ဖြစ်မယ်လို့တော့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် အဆိုပါစမတ်ဖုန်းဟာ မန်မိုရီ 8GB နဲ့တွဲဖက်ပေးထားပြီး Android 10 မောင်းနှင်ထားတာဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB နဲ့ 256GB နှစ်မျိုးဖြစ်တာ တွေ့ရပါတယ်။ MicroSD နဲ့ ထပ်ပြီးတိုးချဲ့ခွင့်ပြုထားတာတော့ မတွေ့ရပါဘူး။

V1950A ကို 6.89-inch AMOLED မျက်နှာပြင်အနေနဲ့တွေ့ရပါတယ်။ 2256×1080 pixel resolution နဲ့ဖြစ်ပြီး မျက်နှာပြင်အောက်မှာ Fingerprint scanner လည်း ပါဝင်မယ်လို့ သိရပါတယ်။ မှန်ဘီလူးနဲ့ပတ်သက်တဲ့ အချက်အလက်တွေအရ အရှေ့ဘက်မှာ 16MP selfie ကင်မရာကို တပ်ဆင်ထားဖွယ်ရှိပြီး ကျောဘက်မှာတော့ 64MP အဓိကကင်မရာကို 13MP modules နှစ်ခုနဲ့တွဲဖက်ထားဖွယ်ရှိပါတယ်။

V1950A ဟာ 5G ကို ထောက်ပံပေးထားပြီး ရွှေရောင်ကိုယ်ထည်နဲ့ ဖြစ်ပါလိမ့်မယ်။ ဘက်ထရီပမာဏက 4,250mAh ဖြစ်ပြီး 44W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမယ်လို့ 3C က ဖော်ပြထားပါတယ်။ လက်ရှိသိရတဲ့အချက်အလက်တွေအရ V1950A ဟာ iQOO 3 5G လို့ထင်ရပေမယ့် Snapdragon 865 သုံးထားတဲ့ Vivo NEX 3 5G မျိုးကွဲတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Ref: GSM Arena

[Zawgyi]

Snapdragon 865 နဲ႔ Vivo ရဲ႕ Device တစ္ခုကို 3C နဲ႔ TENAA မွာေတြ႕ျမင္ရ

ဒီရက္ပိုင္းအတြင္းမွာ တ႐ုတ္ 3C နဲ႔ TENAA တို႔ဟာ ေမာ္ဒယ္နံပါတ္ V1950A နဲ႔ Vivo ရဲ႕ Device တစ္ခုကို Certification ေပးခဲ့ပါတယ္။ 3C နဲ႔ TENAA တို႔ကတစ္ဆင့္ Device ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစား၊ ဘက္ထရီ ပမာဏ နဲ႔ အားသြင္းျမန္ႏႈန္း စတဲ့အခ်က္ေတြကို သိခြင့္ရခဲ့ပါတယ္။

V1950A ဟာ 2.84GHz Octa-core processor အသုံးျပဳထားတာ ျဖစ္ပါတယ္။ Snapdragon 865 SoC ျဖစ္မယ္လို႔ေတာ့ ခန႔္မွန္းရပါတယ္။ ဒါ့အျပင္ အဆိုပါစမတ္ဖုန္းဟာ မန္မိုရီ 8GB နဲ႔တြဲဖက္ေပးထားၿပီး Android 10 ေမာင္းႏွင္ထားတာျဖစ္ပါတယ္။ သိုေလွာင္မႈပမာဏကေတာ့ 128GB နဲ႔ 256GB ႏွစ္မ်ိဳးျဖစ္တာ ေတြ႕ရပါတယ္။ MicroSD နဲ႔ ထပ္ၿပီးတိုးခ်ဲ႕ခြင့္ျပဳထားတာေတာ့ မေတြ႕ရပါဘူး။

V1950A ကို 6.89-inch AMOLED မ်က္ႏွာျပင္အေနနဲ႔ေတြ႕ရပါတယ္။ 2256×1080 pixel resolution နဲ႔ျဖစ္ၿပီး မ်က္ႏွာျပင္ေအာက္မွာ Fingerprint scanner လည္း ပါဝင္မယ္လို႔ သိရပါတယ္။ မွန္ဘီလူးနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြအရ အေရွ႕ဘက္မွာ 16MP selfie ကင္မရာကို တပ္ဆင္ထားဖြယ္ရွိၿပီး ေက်ာဘက္မွာေတာ့ 64MP အဓိကကင္မရာကို 13MP modules ႏွစ္ခုနဲ႔တြဲဖက္ထားဖြယ္ရွိပါတယ္။

V1950A ဟာ 5G ကို ေထာက္ပံေပးထားၿပီး ေ႐ႊေရာင္ကိုယ္ထည္နဲ႔ ျဖစ္ပါလိမ့္မယ္။ ဘက္ထရီပမာဏက 4,250mAh ျဖစ္ၿပီး 44W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမယ္လို႔ 3C က ေဖာ္ျပထားပါတယ္။ လက္ရွိသိရတဲ့အခ်က္အလက္ေတြအရ V1950A ဟာ iQOO 3 5G လို႔ထင္ရေပမယ့္ Snapdragon 865 သုံးထားတဲ့ Vivo NEX 3 5G မ်ိဳးကြဲတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။

Ref: GSM Arena