Vivo ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက V20 ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်အတောအတွင်းမှာပဲ V20 (2021) ကို မိတ်ဆက်ဖို့ ကြိုးစားနေတာကို တွေ့မြင်ရပါတယ်။ ဒီ Device ဟာ အသိအမှတ်ပြုမှုအချို့ကိုလည်း ရရှိထားတာ တွေ့နိုင်ပါတယ်။

Vivo ကတော့ V20 (2021) နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒီစမတ်ဖုန်းကို Geekbench မှာတွေ့မြင်နေရပြီး၊ အဓိကကျတဲ့ အချက်အလက်အချို့ကိုလည်း တွေ့မြင်လာရတာ ဖြစ်ပါတယ်။ Benchmark စမ်းသပ်မှုအရ ဒီဟန်းဆက်ဟာ 8GB of RAM ပါရှိပြီး Android 11 မောင်းနှင်ထားတာကို တွေ့ရပါတယ်။

Motherboard section မှာ မြင်တွေ့ရတဲ့ SM6150 ဟာ Vivo V20 (2021) မှာ အသုံးပြုထားတဲ့ SoC ကို Snapdragon 675 နဲ့ ဆက်နွယ်နေကြောင်း ဖော်ပြနေပါတယ်။ Geekbench ဟာ ဟန်းဆက်နဲ့ပတ်သက်တဲ့အခြား ဘယ်အချက်အလက်ကိုမှ ထုတ်ပြထားတာမဟုတ်တဲ့အတွက် ကျန်တာတွေကို သိရဖို့ နောက်ထပ်ပေါက်ကြားမှုတွေကိုပဲ စောင့်ရမှာ ဖြစ်ပါတယ်။

V20 (2021) ဟာ V20 ရဲ့ 6.44-inch FullHD+ AMOLED မျက်နှာပြင်ထက် ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်ထွက်ထားတဲ့ V20 ကတော့ Snapdragon 720G တပ်ဆင်ထားပြီး၊ ကျောဘက်မှာ 64MP အဓိကင်မရာအပါအဝင် ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားတာ ဖြစ်ပါတယ်။

Ref: GSM Arena