Vivo ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို BIS (Bureau of Indian Standards) မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က V2040 ဖြစ်ပါတယ်။ အခုတော့ Indonesia Telecom က အဲဒီ စမတ်ဖုန်းဟာ Vivo V20 (2021) ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

vivo V20 Price in Malaysia & Specs - RM1474 | TechNave

Vivo V20 ကို ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့ပြီး အခုတော့ Vivo က 2021 မော်ဒယ် အနေနဲ့ တစ်ဖန်ဆန်းသစ် ရောင်းချတော့မှာ ဖြစ်ပါတယ်။ BIS Certification အရ MySmartPrice က အဲဒီ စမတ်ဖုန်းကို အိန္ဒိယမှာ နောက် ၁ လ ၊ ၂ လလောက်အတွင်း ကြေညာမယ်လို့ ပြောပါတယ်။

Exclusive] Vivo V20 series to launch in India on October 12 - MySmartPrice

Vivo V20 (2021) ရဲ့ တခြား Specification တွေကို လက်ရှိမှာ မသိရသေးပါဘူး။ ဒါပေမယ့် Vivo V20 ကို အခြေခံကာ တည်ဆောက်ထားမယ်လို့ထင်ပါတယ်။ Vivo V20 ရဲ့ Specs တွေကို ပြန်လေ့လာကြည့်ရအောင်။ အဲဒီ စမတ်ဖုန်းမှာ ၆.၄၄ လက်မ FHD+ မျက်နှာပြင် ပါလာပြီး အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Snapdragon 720G Chipset မောင်းနှင်ထားပါတယ်။

Vivo V20 (2021) မှာတော့ အနောက်ကင်မရာ ၄ လုံး၊ Punch Hole မျက်နှာပြင်၊ Snapdragon 700 Series Chipset တွေနဲ့ အဆင့်မြှင့်ထားနိုင်ပါတယ်။ Android 11 အခြေပြု FunTouch OS 11 မောင်းနှင်ထားနိုင်ပါတယ်။

Ref : gsmarena