vivo V20 မှာ စွမ်းအားမြင့် Eye Autofocus feature ပါဝင်လာခြင်း

ကမ္ဘာ့အဆင့်မီ စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ vivo ဟာ ကင်မရာပိုင်းကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့် တင်ထားတဲ့ မော်ဒယ်လ်အသစ်ကို စျေးကွက်တွင်းမကြာခင်မိတ်ဆက်သွားတော့မှာပါ။ အားလုံးပဲ စောင့်မျှော်ရကျိုးနပ်မယ့် vivo V20 ဟာ ထူးခြားဆန်းပြားတဲ့ Eye Autofocus feature ပါဝင်ပြီး၊ vivo ဟာ ယင်း model ကို စျေးကွက်တွင်း ဦးဆောင်ချပြပေးသွားမှာဖြစ်ပါတယ်။ vivo flagship model V series ရဲ့ ယခုတီထွင်မှုဟာ ဓါတ်ပုံဝါသနာအိုးများနဲ့ ရှယ် selfie ရိုက်သူများ အတွက် သည်းခြေကြိုက်ဖြစ်လာမှာ သေချာပါတယ်။

စောင့်ကြည့်ရမယ့် V20

vivo V20 ဟာဆိုရင် ကောင်းမွန်ထူးခြားတဲ့ ကင်မရာအရည်အသွေး၊ ဆန်းပြားခမ်းနားတဲ့ ဒီဇိုင်းတို့ အပြင် ပထမဆုံးသော Eye Autofocus feature ပါဝင်တဲ့မော်ဒယ်လ်ကို မြန်မာနိုင်ငံ စျေးကွက်ထဲ စတင်ဖြန့်ချိ တော့မယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။ တစ်ခေတ်ဆန်းစေမယ့် Eye Autofocus feature ဟာ ခေတ်မီတက်ကြွတဲ့ လူငယ်တွေအတွက် အဓိကပစ်မှတ်ထားခြင်းဖြစ်ပြီး၊ အားလုံးရဲ့ အာရုံဝင်စားမှု ကို အရယူစေနိုင်ရန်အဓိက ပံ့ပိုးပေးမယ့် ထုတ်ကုန်ပစ္စည်းသစ်တစ်ခုဖြစ်ပါတယ်။

Autofocus feature ဘယ်လိုအလုပ်သလဲ။

သမားရိုးကျဓာတ်ပုံစနစ်နဲ့မတူညီတဲ့ V20 ရဲ့ ကင်မရာဟာ portrait ပုံများကို တိကျသပ်ရပ်တဲ့ ရုပ်ထွက်အရည်အသွေးကိုပေးနိုင်ရုံမက အရောင်သွေးတောက်ပစိုပြေတဲ့ ဓာတ်ပုံတွေကို ရရှိစေနိုင်ပါတယ်။ နည်းပညာမြင့် Autofocus feature ဟာ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ Ultra HD ဗွီဒီယိုတွေကို ရိုက်ကူးနိုင် ဖို့ အားစိုက်ထုတ်စရာမလိုဘဲ ရိုးရှင်းသက်သာစွာနဲ့ ရိုက်ကူးစေနိုင်မှာပါ။ V20 နဲ့ ရိုက်ကူးထားတဲ့ပုံရိပ်တွေရဲ့ quality ဟာ ထင်ထားတာထက် ပိုမိုကောင်းမွန်တာကိုလည်း မြင်တွေ့ရတယ်။

ထွက်ရှိလာတဲ့ သတင်းတွေအရ V20 ဟာ smart photography အသိုင်းအဝိုင်းမှာတော့ ထူးခြားတဲ့ ကစားကွက်တစ်ခု ဖြစ်လာမှာပါ။ Eye Autofocus feature ပါဝင်တဲ့ V20 ရဲ့ ရှေ့ကင်မရာ နောက် ကင်မရာ ၂ ခုစလုံးဟာ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ပုံရိပ်တွေဖမ်းယူနိုင်ဖို့ အဆင့်မြှင့်တင်ထားတယ်လို့ လည်း သိရပါတယ်။

V20 ဟာ နေ့စဉ်ဓါတ်ပုံရိုက်ရတဲ့ အလုပ်တွေအတွက် လတ်ဆတ်သစ်လွင်ပြီး ပြီးပြည့်စုံတဲ့ အတွေ့အကြုံကို ပေးမှာဖြစ်သလို၊ အသုံးပြုသူရဲ့ ဖေါ်ပြလိုတဲ့အကြောင်းအရာ နေထိုင်မှုဘဝပုံစံကိုလည်း ထင်ဟပ်ပေါ်လွင်စေမှာပါ။

vivo ဟာ လူငယ်တွေ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ် အပြည့်အဝ ထောက်ပံ့အားပေး ဖြည့်ဆည်း နိုင်မယ့် စမတ်ဖုန်းများထုတ်လုပ်သွားမယ်ဆိုတဲ့ကတိနဲ့အညီ လက်တွေ့ပြုလုပ်ပေးခဲ့တဲ့ အစဉ်အလာတွေရှိပါတယ်။ ပြောခဲ့တဲ့အတိုင်းပဲ V20 ဟာ ပြောင်မြောက်တဲ့ Dual Tone Step ကင်မရာရယ်၊ ဖက်ရှင်ကျပြီး ခေတ်မီ တဲ့ ဘော်ဒီသွင်ပြင်ရယ်၊ အထူးပေါ့ပါးလှတဲ့ အလေးချိန်တို့နဲ့ အဆင်းရော အချင်းပါ ပြီးပြည့်စုံတဲ့ ဖုန်းတစ်လုံးအဖြစ် စျေးကွက်တွင်းရောက်ရှိလာခဲ့မယ်လို့ မျှော်လင့်မိပြီး အသစ်ဆန်းကြိုက်တတ်တဲ့ လူငယ်များအကြားအထူး ရေပန်းစားလာနိုင်တဲ့ဖုန်းတစ်လုံးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

သေချာတာတစ်ခုကတော့ V20 ဟာ ၂၀၂၀ ခုနှစ်အတွက် vivo ကနေ ချပြပေးနိုင်မယ့် အကောင်းဆုံးလက်ရာ တစ်ခုဖြစ်ပါလိမ့်မယ်။ ဒီဖုန်းနဲ့ပတ်သက်ပြီး အပြည့်အစုံဖေါ်ပြထားခြင်း မရှိသေးပေမယ့် Eye Focus နည်း ပညာပါဝင်မယ့် ဒီဖုန်းဟာတော့ အားလုံးစောင့်မျှော်ရကျိုးနပ်မယ့် မော်ဒယ်လ်သစ်တစ်ခုဖြစ်မှာပါ။ မကြာမီ ဒီဖုန်းနဲ့ပတ်သက်တဲ့အချက်အလက်စုစည်းရသမျှကို ထပ်မံဖေါ်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြ ပါဦး။

Source – vivo