Vivo ကနေ အခုအချိန်မှာ India စျေးကွက်အတွက် Vivo V20 စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ V20 စမတ်ဖုန်းဟာ Camera ပိုင်းကို အဓိကဦးစားပေးထားပြီးတော့ 64MP Triple Camera Setup အပြင် 44MP Selfie Camera တွေတပ်ဆင်ထားတယ်လို့ သိရပါတယ်။

Vivo V20 စမတ်ဖုန်းဟာ 6.44″ S-AMOLED Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ Full HD+ ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ In-Display Fingerprint Sensor ပါဝင်မှာဖြစ်သလို Aspect Ratio အနေနဲ့လည်း 20:9 ရှိမှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ Waterdrop Notch Design ပဲ ပြုလုပ်ထားတာကိုတွေ့ရပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 720G Chipset ကို အသုံးပြုထားပြီး RAM 6GB သို့မဟုတ် 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128GB ပါဝင်မှာဖြစ်ပြီး MicroSD Card ကနေ ထပ်တိုးချဲ့နိုင်ဦးမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Sensor တွေပါဝင်တဲ့ Triple Camera ကို အသုံးပြုထားပါတယ်။ Camera Feature တွေအနေနဲ့လည်း Motion Eye ၊ Object Autofocus ၊ Super Night Mode ၊ Super Wide-angle Video ၊ Art Portrait Video ၊ Ultra-steady Video ၊ 4K Video Record လိုမျိုး Feature အများအပြားပါဝင်ဦးမှာပါ။

Vivo V20 စမတ်ဖုန်းဟာ Android 11 OS နဲ့ ထွက်ရှိလာတာဖြစ်ပြီး စျေးနှုန်းအနေနဲ့ RAM 6GB Version ကို Rs 24,990 (မြန်မာငွေ ၄ သိန်း ၄ သောင်းဝန်းကျင်) နဲ့ RAM 8GB Version ကိုတော့ Rs 27,990 (မြန်မာငွေ ၄ သိန်း ၉ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China