vivo V20 ရဲ့ 7.38 mm သာရှိသည့် ultra-sleek AG design နှင့် 171 g သာ ရှိသည့် အလွန်ပေါ့ပါးသည့် ဖုန်းကိုယ်ထည်တို့ဖြင့် User Experience ကို အသစ်တစ်ဖန်ပြန်လည်ခံစားရစေမည်ဖြစ်သည်။

– အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့အထိ နီးစပ်ရာဖုန်းအရောင်းဆိုင်တွေမှာသာမက အွန်လိုင်းမှလည်း ကြိုတင်မှာယူနိုင်ပြီ။

vivo သည် ၎င်း၏ premium V series ၏ နောက်ဆုံးပေါ် V20 စမတ်ဖုန်းကို ဈေးကွက်တွင်းသို့ (၅.၁၁.၂၀) ရက်နေ့တွင် စတင်ဖြန့်ချိသွားမည်ဖြစ်သည်။ customer ဗဟိုပြု ဆန်းသစ်တီထွင်မှုများနှင့် ဒီဇိုင်းသစ်များကို တီထွင်မိတ်ဆက် ပေးနေသော vivo ၏ V20 တွင် ဆန်းသစ်သော ကင်မရာ လုပ်ဆောင်ချက်များကို ထည့်သွင်းထားပြီး အသုံးပြုသူများ၏ ဓာတ်ပုံဆိုင်ရာ ခံစားချက်၊ အတွေ့အကြုံများကို လုံးဝပြောင်းလဲစေနိုင်မည်ဖြစ်သည်။ V20 ၏ 2.5D ကိုယ်ထည်၊ 7.38 mm ရှိ အလွန်ပါးလွှာသည့် ultra-sleek ဒီဇိုင်း နှင့် 171g ရှိ ပေါ့ပါးသည့် ကိုယ်ထည်တို့အပြင် တစ်မူထူးခြားသည့် AG glass နည်းပညာတို့ ပေါင်းစပ်ပါဝင်မှုတို့က လူငယ်များ၏ တက်ကြွသော လူနေမှုဘဝကို ကိုယ်စားပြုနေသည်။

V20 မိတ်ဆက်ပွဲ အခမ်းအနားတွင် Mr. Nelson Ni မှ “V20 ဟာ နောက်ဆုံးပေါ် ကင်မရာ နည်းပညာတွေ ထည့်သွင်း ထားပြီး ပါးလွှာတဲ့ ဖုန်းကိုယ်ထည်နဲ့ ပေါ့ပါးပြီး ကျစ်လျစ်သိပ်သည်းတဲ့ ဒီဇိုင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဆန်းသစ် တီထွင်မှုတစ်ခုပါပဲ။ V20 ဟာ ဓာတ်ပုံရိုက်ရတာ သဘောကျတဲ့သူတွေ၊ ဘဝရဲ့ တောက်ပတဲ့ အမှတ်တရလေးတွေကို မှတ်တမ်းယူချင်တဲ့သူတွေအတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပြီး လှပသပ်ရပ်တဲ့ ဒီဇိုင်းကလည်း သူတို့ရဲ့ နေ့စဉ်ဘဝ အတွက် ပြီးပြည့်စုံတဲ့ ‌အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်စေမှာပါ။” ဟု ဆိုသည်။

ထိတွေ့အာရုံခံနိုင်စွမ်းကောင်းမွန်သော AG DESIGN နှင့် ULTRA-SLEEK အပါးလွှာဆုံး ကိုယ်ထည်

vivo သည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများနှင့် တစ်မူထူးခြားသော စတိုင်လ်တို့ကို ပေါင်းစည်းကာ စမတ်ဖုန်းတို့ကို ဖန်တီးခြင်းဖြင့် မှတ်တိုင်များစွာ စိုက်ထူခဲ့ပြီးဖြစ်သည်။ vivo V20 သည်လည်း ပေါ့ပါးကျစ်လျစ်ပြီး အလွန်ပါးလွှာသော

ဒီဇိုင်းဖြင့် သုံးစွဲသူများအတွက် စတိုင်လ်ကျ လှပသော accessory သစ်တစ်ခုအနေဖြင့် ဂုဏ်တင့်စေနိုင်မည်ဖြစ်သည်။ လှပ ဆန်းသစ်သော ဒီဇိုင်းသစ်တွင် ရိုးရှင်းလှပသည့် တြိဂံပုံ Dual Tone Step နှင့် Camera arrangement (ကင်မရာ နေရာချထားခြင်း) ပေါင်းစပ်ပါဝင်လိုက်ခြင်းက ကိုယ်ပိုင်ဟန်ဖြင့်လည်း တစ်မူထူးခြားနေစေသည်။ V20 ၏ ကျောဘက် (back cover) အတွက် AG glass နည်းပညာကို အသုံးပြုထားခြင်းကြောင့် ပရီမီယံအသွင် ရရှိနေစေပြီး ချော်ထွက် ခြင်းမရှိဘဲ မြဲမြံစွာ ကိုင်တွယ်နိုင်စေမည်ဖြစ်သည်။ AG glass နည်းပညာက ကြံ့ခိုင်မာကျောသည့် handset ထဲတွင် နူးညံ့ သိမ်မွေ့သော အထိအတွေ့ကို ခံစားသိရှိစေရန် ပေါင်းစပ်ပေးထားသည့် နည်းပညာလည်း ဖြစ်သည်။

ထူးခြားကာ ဖက်ရှင်ကျသော အရောင်ပေါင်းစပ်မှု

V20 ၏ ရိုးစင်းသော်လည်း ဖက်ရှင်ကျသော ဒီဇိုင်းတွင် သဘာဝ၏ အလှတရားနှင့် သဘာဝ၏ ရိုးရှင်းမှုတို့ကို မှီငြမ်း ထားသော Midnight Jazz နှင့် Sunset Melody အရောင် (၂) မျိုးကို ရရှိနိုင်မည်ဖြစ်သည်။ ထိုအရောင်များသည် ငယ်ရွယ် နုပျိုခြင်းကို ဖော်ဆောင်နိုင်ပြီး ဖက်ရှင်အမြင်နှင့် ထပ်တူကျစေရန် အထူးဒီဇိုင်းဖော်ထားခြင်းလည်း ဖြစ်သည်။

· Midnight Jazz သည် ရှုပ်ထွေးမှုများကြား ထင်ရှားစွာ ထိုးထွက်နေမည့် ယုံကြည်မှုနှင့် ခိုင်မာသော ရပ်တည်မှု တို့၏ သင်္ကေတဖြစ်သည်။

· Sunset Melody ကို ကမ်းခြေနှင့် ပမာယူပြီး တောက်ပစုံလင်သော အရောင်အသွေးက ကမ်းခြေနေဝင်ချိန်၏ နွေးထွေးသော ခံစားချက်တို့ကို အမှတ်ရစေနိုင်မည်ဖြစ်သည်။

နောက်ဆုံးပေါ် ခေတ်မီ ကင်မရာနည်းပညာနှင့် အကောင်းဆုံးသော စွမ်းဆောင်ရည်များ

vivo သည် ဈေးကွက်တွင်းရှိ Selfie ချစ်သူများနှင့် ဓာတ်ပုံဝါသနာရှင်များအတွက် ဖန်တီးမှုအမျိုးမျိုး ပြုလုပ်နိုင်သော အဆုံးမဲ့ ကင်းဗတ်စ်အဖြစ် အသုံးချနိုင်သည့် အဆင့်မြင့် ကင်မရာ စွမ်းဆောင်ရည်များ ထည့်သွင်းခြင်းဖြင့် V20 ကို မိတ်ဆက်ခဲ့သည်။ vivo V20 တွင် ဈေးကွက်ဦးဆောင် 44MP Eye Autofocus ရှေ့ ကင်မရာ (front camera) ပါဝင်ပြီး အဆိုပါ စွမ်းဆောင်ရည်က အသုံးပြုသူများအတွက် Selfie ကမ္ဘာသစ်ကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်သည်။ V20 တွင် Steadiface Selfie Video feature, Slo-Mo Selfie Video, 4K Selfie Video နှင့် Super Night Selfie စသဖြင့် မြောက်မြားလှစွာသော တစ်မူထူးခြားသည့် ဓာတ်ပုံ လုပ်ဆောင်ချက် (photography features) နှင့် modes များ ပါဝင်ပြီး ထို features များက Selfie အရည်အသွေးကို အဆပေါင်းများစွာ မြင့်တက်စေနိုင်ကာ အသုံးပြုသူများအတွက် ဘဝ၏ အမှတ်တရ အချိန်ကာလများကို ပိုမိုကောင်းမွန်စွာ မှတ်တမ်းတင်နိုင်စေမည်ဖြစ်သည်။

နောက် ကင်မရာ (rear camera) သည် 64MP Main Camera၊ 8MP Multi-Function Camera (Super Wide Angle/Bokeh/ Super Macro) နှင့် 2MP Mono Camera တို့ ပေါင်းစည်းထားခြင်းနှင့် ထပ်တူညီပြီး Main lens တွင် Super Night Mode လုပ်ဆောင်ချက်ကို ရရှိစေနိုင်ကာ Tripod Night Mode, Super Wide Angle Night Mode နှင့် အခြားသော ဓာတ်ပုံအကူကိရိယာများဖြစ်သည့် ပုံရိပ်ကြည်လင်ပြတ်သားမှုကို အားပေးသော AI noise cancellation algorithm၊ စိတ်ကြိုက် ဖန်တီးနိုင်စေရန်အတွက် နောက်ခံကိုသီးသန့်ခွဲထုတ်ရာတွင် ချောမွေ့စေသော Sky Divider algorithm စသည်တို့ကိုလည်း အထောက်အကူဖြစ်စေသည်။ ကင်မရာနည်းပညာကို လှပသော low-light scenes နှင့် အေးချမ်းသော ညချမ်းချိန်ခါအလှအပများကို ရိုက်ယူလိုသည့် ဓာတ်ပုံမြတ်နိုးသူတိုင်း၏ အိပ်မက်တို့ကို ဖမ်းဆုပ်စေနိုင်ရန် အထူးတီထွင် ဖန်တီးထားခြင်းဖြစ်သည်။

V20 ကို ဒီဇိုင်းလှပသော accessory နှင့် fast-moving users များအတွက် နေ့စဉ် လုပ်ငန်းများကို မိုဘိုင်းလ်ဖုန်းနှင့် အလွယ်တကူ ဆောင်ရွက်နိုင်စေမည့် စွမ်းအားပြည့် ကွန်ပျူတာကိရိယာ (computing tool) အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ ဖုန်းကို Qualcomm® Snapdragon™ 720G processor နှင့် အားဖြည့်ထားပြီး အပလီကေးရှင်း (applications) နှင့် ဂိမ်းများအတွက် ချောမွေ့စွာ အဆင်ပြေပြေ အသုံးပြုနိုင်စေမည်ဖြစ်သည်။ 4,000mAh ဘက်ထရီနှင့် vivo ၏ ထင်ရှားကျော်ကြားသည့် 33W Flash Charge နည်းပညာတို့သည် အချိန်ကြာကြာ အသုံးခံစေနိုင် (solid durability) ပြီး လျင်မြန်သော အားပြည့်နှုန်း (fast charging time) တို့ဖြင့် အသုံးပြုသူတို့၏ လိုအပ်ချက်များကို ထိရောက်လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်မည့် မော်ဒန် လူနေမှုစနစ်ကို အပြည့်အဝ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Vivo V20 ကို အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့အထိ နီးစပ်ရာဖုန်းအရောင်းဆိုင်တွေမှာသာမက အွန်လိုင်းမှလည်း ကြိုတင်မှာယူနိုင်ပါပြီ။

Source – Vivo