Vivo V20 Series ရဲ့ သတင်းအချက်အလက်တွေ ဒီ ၁ ပတ် အစောပိုင်းက ထွက်ပေါ်လာခဲ့ပြီး Vivo V20 SE နဲ့ Vivo V20 Pro မော်ဒယ် ၂ မျိုး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Vivo က V20 SE ရဲ့ တရားဝင် Teaser ကို မျှဝေလိုက်တဲ့အတွက် အဲဒီ စမတ်ဖုန်းကို ကြေညာမယ့် ရက်ဟာ နီးသထက်နီးလာပြီလို့ ယူဆရပါတယ်။

အရင်က Vivo V20 SE ကို Geekbench မှာ မော်ဒယ်နံပါတ် Vivo V2022 အနေနဲ့ တွေ့ခဲ့ကြပြီးပြီ ဖြစ်ကာ Qualcomm ရဲ့ စွမ်းဆောင်ရည်သင့် Snapdragon 665 Chipset နဲ့ 8GB RAM ပါတယ်လို့ ဖော်ပြထားပါတယ်။ Single-core Test မှာ ၃၁၆ မှတ်နဲ့ Multi-core Test မှာ ၁,၃၇၇ မှတ်ရထားပါတယ်။ အဲဒီအမှတ်တွေကို အခြေခံကာ တွက်ချက်ကြည့်ရင် Vivo V20 SE ဟာ V20 Series တွေထဲမှာ စွမ်းရည် နိမ့် မော်ဒယ် ဖြစ်နိုင်ပါတယ်။

Vivo V20 SE ကို China Quality Certification (CQC) မှာလည်း မှတ်ပုံတင်ထားပြီး 33W Fast Charging Support ပါတယ်လို့ ဖော်ပြထားတဲ့အတွက် စွမ်းရည်နိမ့် စမတ်ဖုန်း ၁ လုံးအတွက် အားသွင်းနှုန်းက မိုက်ပါတယ်။ လက်ရှိမှာ Vivo V20 SE ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena