vivo ရဲ့ V27 Series ဖုန်းတွေဟာ အချိန်အထိ ဆက်တိုက်ကို Benchmark တွေ၊ Render ဓါတ်ပုံသတင်းတွေ ပေါက်ကြားနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ vivo ကနေ အဆိုပါ V27 Series ဖုန်းတွေကို လာမယ့် မတ်လ ၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါပြီ။

vivo ကနေ တရားဝင်ဖော်ပြထားတဲ့ Teaser ဓါတ်ပုံအရ V27 Series ဖုန်းတွေဟာ Curved OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Selfie Camera အတွက်လည်း Display ရဲ့ အပေါ်ဘက် အလယ်မှာ Punch-hole အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

Camera ပိုင်းမှာ vivo V27 Series ဖုန်းတွေဟာ Sony IMX 766V Camera Sensor ကို အဓိက အသုံးပြုထားမှာဖြစ်ပြီး OIS ကိုလည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Emerald Green နဲ့ Magic Blue ဆိုပြီး ၂ မျိုး မိတ်ဆက်သွားမှာဖြစ်ပြီး အလင်းရောင်ရရှိမှုအပေါ်မှုတည်ပြီး အရောင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

vivo V27 ဖုန်းဟာ MediaTek ရဲ့ Dimensity 7200 Chipset အသစ်ကို အသုံးပြုထားမှာဖြစ်ပြီး V27 Pro ဖုန်းက ပိုစွမ်းဆောင်ရည်ကောင်းမွန်တဲ့ Dimensity 8200 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအရ vivo V27 Pro ဖုန်းဟာ INR 42,000 ဝန်းကျင် (မြန်မာငွေ ၁၁ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားဖို့ စီစဥ်ထားပါတယ်။

Ref – GSM Arena