vivo ကနေ vivo V Series ဖုန်းအသစ်ဖြစ်တဲ့ vivo V30 စမတ်ဖုန်းကို Global စျေးကွက်အတွက် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ vivo V30 ဖုန်းဟာ အစောပိုင်းတုန်းက တရုတ်နိုင်ငံစျေးကွက်အတွင်းမှာ မိတ်ဆက်ခဲ့တဲ့ vivo S18 နဲ့ ဒီဇိုင်းဆင်တူပေမယ့် Camera ပိုင်းမှာ အဆင့်မြှင့်တင်ထားတာကိုတွေ့ရပါတယ်။

Display ပိုင်းမှာ vivo V30 ဖုန်းဟာ 6.78″ Curved AMOLED Display ကို အသုံးပြုထားပြီး 1260p Resolution အပြင် 2800nits Peak Brightness ကိုပါ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Fingerprint Sensor ကိုလည်း Under-Display အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းအနေနဲ့ Qualcomm Snapdragon 7 Gen 3 Chipset ကို အသုံးပြုထားတဲ့အတွက် ယခင်ထက် ပိုပြီးစွမ်းဆောင်ရည်သာလွန်မှာဖြစ်ပါတယ်။ RAM နဲ့ Storage ပိုင်းမှာတော့ 8GB + 128GB ၊ 8GB + 256GB ၊ 12GB + 256GB နဲ့ 12GB + 512GB ဆိုပြီး ၄ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ Sensor Size 1/1.55″ ရှိတဲ့ 50MP OmniVision OV50E Sensor ကို Main Camera အနေနဲ့ အသုံးပြုထားပြီး Autofocus ပါဝင်တဲ့ 50MP Ultrawide Camera Sensor ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Selfie Camera အတွက်လည်း Autofocus ပါဝင်တဲ့ 50MP Camera ပါဝင်ဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် Battery ပိုင်းမှာလည်း 5000mAh Battery ပါဝင်ပြီး 80W FlashCharge ဖြင့် ပြန်လည်အားသွင်းနိုင်မှာပါ။ အထူက 7.5mm ပဲရှိတဲ့အတွက် ယခင် vivo V Series ဖုန်းတွေလိုမျိုး ပါးလွှာနေဦးမှာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ Android 14 ကို အခြေခံထားတဲ့ Funtouch OS 14 ကို အသုံးပြုထားပြီး အရောင်အနေနဲ့ Bloom White ၊ Waving Aqua ၊ Lush Green နဲ့ Noble Black ဆိုပြီး ၄ မျိုး ရှိမှာဖြစ်ပါတယ်။ အရောင်တစ်မျိုးစီမှာ မတူညီတဲ့ Texture ၊ Effect တွေပါဝင်တာကြောင့် ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။

vivo V30 ဖုန်းကို အရင်ဆုံးအနေနဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှာ မိတ်ဆက်ရောင်းချသွားမယ်လို့ သိရပြီး စျေးနှုန်းကိုတော့ အတိအကျမကြေညာသေးပါဘူး။

Ref – GSM Arena