vivo က ပီရူး မှာ V30 SE ကို ကြေညာလိုက်ပြီး Snapdragon 4 Gen 2 Chipset နဲ့ 50MP ကင်မရာ ပါပါတယ်။

အဲဒီဖုန်းဟာ အင်ဒိုနီးရှားမှာ vivo Y100 နဲ့ တူညီပြီး အရှေ့ အလယ်ပိုင်းမှာ vivo Y200e , vivo 40 SE , vivo V30 Lite နဲ့ တူညီပါတယ်။

6.67” FHD+ 120Hz AMOLED Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

vivo V30 SE မှာ 44W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး အထက်ဖော်ပြပါ ဖုန်းတွေမှာတော့ 80W Charging ပါပါတယ်။ ဒါပေမယ့် ဒီ Feature ဟာ မတူညီတဲ့ ဥပဒေတွေ ရှိတဲ့ နိုင်ငံအလိုက် ကွဲပြားမှာ ဖြစ်ပါတယ်။

vivo V30 SE အတွက် 8/256GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး Crystal Black နဲ့ Purple Leather အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ မေလလယ်မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

vivo က V30 SE ရဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် vivo 40 SE ကို ၃၈၉ ဒေါ်လာနဲ့ ရောင်းချထားပါတယ်။

Ref : gsmarena, notebookcheck