vivo V30e ကို မြန်မာစျေးကွက်တွင် မေလ ၁၈ ရက်နေ့မှ စတင်ရရှိနိုင်ပြီဖြစ်ကြောင်း vivo မှစိတ်လှုပ်ရှားစွာဖြင့် ကြေညာလိုက်သည်။ ရောင်းချပေးမည့် စျေးကတော့ ၁,၂၉၉,၈၀၀ ကျပ်ဖြစ်ပြီး နည်းပညာချစ်မြတ် နိုးသူတွေအတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်စေနိုင်ပါသည်။​

V30e သည်သုံးစွဲသူများအား ပြောင်မြောက်ပြီး ကျက်သရေရှိသောဒီဇိုင်းနှင့် ထူးခြားပြီးချောမွေ့သော ရုပ်ပုံအရည်အသွေးတို့နှင့် အတူ ယခင်ကမရရှိခဲ့သော သုံးစွဲသူအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဟု ကတိပြုသည်။

vivo V series ကနောက်ဆုံးထွက်ရှိသည့် V30e သည် အသစ်အဆန်းများကို ပေးစွမ်း နိုင်ရန်အတွက် ၎င်း၏အထင်ကရ feature များကိုရှေ့တန်းတင်ထားသည်။ ပထမဆုံးတစ်ချက် အဖြင့် 3D Curved Screen က ကျက်သရေရှိပြီး ပရီမီယံအသွင်အပြင်ကိုဖြစ်စေသည်။ Curved screen က ပိုမိုကျယ်ဝန်းသော မြင်ကွင်းနှင့် ကိုင်တွယ်ရအဆင်ပြေအောင် ဆောင်ရွက်ပေးထားပြီး ထူးခြားသော အမြင်အာရုံဆွဲဆောင်နိုင်မှုနှင့် စွဲမက်ဖွယ်သုံးစွဲမှုအတွေ့အကြုံ အတွက်ဖြင့် အလွန်ရေပန်းစားသည်။

V30e တွင်ပါဝင်သည့် 120 Hz refresh rate screen က ဖုန်းသုံးခြင်း သို့မဟုတ် ဗီဒီယိုကြည့်ရှု့ခြင်းတို့တွင် ချောမွေ့ပြီးနှေးကွေးမှုမရှိသည့်ရုပ်ပုံကို ရရှိမှာဖြစ်ပြီး အရည်အသွေးမြင့် ကြည့်ရှု့သူအတွေ့အကြုံ ပေးစွမ်းနိုင်မှာအသေအချာပင်ဖြစ်သည်။ vivo အနေဖြင့် စမတ်ဖုန်းဆိုသည်မှာ နေ့စဥ် အသုံးပြုသည့်အရာဆိုတာကို နားလည်းထားသောကြောင့် ဖုန်းအရောင်ကိုလည်း အသုံးပြုသူတိုင်း စိတ်ကျေနပ်စေရန်အတွက် ဆောင်ရွက်ထားသည်။

V30e အရောင်ကို Classy Brown နှင့် Sunny Green ဆိုပြီး ထုတ်လုပ်ထားကာ vivo က အရောင်တစ်ရောင် ချင်းစီ၏ သဘောတရားကို နားလည်ပြီး သေချာစဥ်းစားရွေးချယ်ထားခြင်း ဖြစ်သည်။ ကျောဘက်ရှိ “Time Messenger” Camera module သည် ဇိမ်ခံနာရီများ၏ အသွင်အပြင်ကိုယူထားကာ နေရောင်ခြည်ဖြာထွက် နေသည့် ပုံစံအတိုင်း ဒီဇိုင်းလုပ်ထားသည်။ အသေးစိတ်ကျကျ ထည့်သွင်း ထားမှုသည် ဖုန်းကို ကျက်သရေရှိစေပြီး ပိုမိုထင်ရှားပေါ်လွင် စေသည်။

မြန်မာနိုင်ငံ၏ အသုံးပြုသူတွေအတွက် portrait ဓာတ်ပုံပညာသည် အနုပညာတစ်ခုထပ်မကပိုကာ အရေးကြီးပြီး ချစ်မြတ်နိုးရသည့် ဘဝအမှတ်တရများကို ဖမ်းယူနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အရည်သွေးကောင်မွန်သည့် portrait များကိုရိုက်ကူးသည့်နေရာမှာ စိန်ခေါ်မှုရှိနေသည့် အနေအထားတစ်ခုက အလင်းအရောင်၏ အခြေအနေဖြစ်ပါသည်။

ဒီပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် vivo V30e က ဒီဇိုင်းတစ်ခုဖြစ်သည်။ Aura Light feature က အလင်းရောင်နည်းပါးသော အခြေအနေများတွင် နှုးညံ့ပြီးတောက်ပသည့် အလင်းရောင် ကိုဖြည့်ပေးပြီး ကြမ်းတမ်းသော အရိပ်များကိုရှောင်ကာ ရိုက်ကူးလိုသည့် အဓိကအရာဝတ္ထု၏ မျက်နှာပြင်ကို လင်းထိန်စေသည်။ Aura Light Portrait က အဓိကအရာဝတ္ထု နှင့် ပတ်ဝန်းကျင်အကြား လက်တွေ့ကျကျနှင့် သဟဇာတဖြစ်စေသော အရောင်များ ရရှိနိုင်ရန်အတွက် အရောင်၏ temperature ကိုချိန်ညှိနိုင် သည်။

ပရော်ဖက်ရှင်နယ်အဆင့် portrait ရိုက်ကူးမှုကို ရှာဖွေနေသူများအတွက် V30e ၏ Sony IMX882 အဓိကကင်မရာ ကထင်ရှားသည့် ​feature တစ်ခုဖြစ်သည်။ ရိုက်ချက်တိုင်းကို ပရော်ဖက်ရှင်နယ်အဆင့်ရလဒ်များကို ပေးစွမ်းနိုင်ဖို့ နှင့် night portrait များကို ကြည်လင်တောက်ပစွာဖမ်းယူနိုင်ဖို့အတွက် 2x Professional Portrait Mode နှင့်ပေါင်းစပ်ကာ ကင်မရာမှန်ဘီလူး၏ ဖြစ်နိုင်စွမ်းကို မြှင့်တင်ထားပါသည်။​

vivo V30e တွင် စွမ်းရည်မြင့် 5,500 mAh (TYP) ဘက်ထရီ ကို တပ်ဆင်ထားပြီး သုံးစွဲသူများ အတွက် ဘက်ထရီ သက်တမ်းကိုကြာမြင့်စွာအသုံးပြုနိုင်ပြီး မကြာခဏအားသွင်းမှု နည်းပါးစေ သည်။ vivo သည် V30e ကိုကြာရှည်ခံမှုအတွက် ဘက်ထရီအပိုင်းကို အထူးအလေးပေး ထုတ်လုပ် ထားပြီး အားသွင်းခြင်းလုပ်ငန်းစဥ်ကို အကြိမ်ရေ ၁၆၀၀ ပြုလုပ်ထားပြီးနောက်တွင်ပင် ဘက်ထရီ ၏ သက်တမ်းက ၈၀​ ရာခိုင်နှုန်း အထိ စွမ်းဆောင်ရည်အထိရှိနိုင်သည်။​

အဆိုပါ အကြမ်းခံအောင် ဖန်တီးထားသည့် ဒီဇိုင်းက ဖုန်းကို လေးနှစ်အထိ တည်တည်ငြိမ်ငြိမ်အသုံးပြုနိုင်မှာ အသေအချာပါ။ V30e တွင် 8 GB + 8 GB Extended RAM နည်းပညာ နှင့် Qualcomm Snapdragon® 4nm processor တို့ပါ၀င်ပြီး လိုအပ်သောသုံးစွဲမှုများကို ကိုင်တွယ်ရာတွင် ချောမွေ့သော လုပ်ဆောင် ချက်နှင့် ပြောင်မြောက်သော စွမ်းဆောင်ရည်ကို ရရှိစေသည်။

လာမည့်မေလ ၁၉ ရက်နေ့ လှည်းတန်းစင်တာမှာ “V30e Super Day Roadshow” ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း vivo မြန်မာအနေဖြင့် စိတ်လှုပ်ရှားစွာနှင့် အသိပေးလိုက်ပါသည်။ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေရေးများနှင့် အတူ နေ့တစ်နေ့ကို ဖြတ်သန်းနိုင်စေရန်အတွက် vivo သုံးစွဲသူများကို လာရောက်ရန်အတွက်ဖိတ်ကြားအပ်ပါသည်။

အဆိုပါ roadshow ပွဲကို vivo ၏ product ambassador ဖြစ်သူ အလင်းရောင် နှင့် အတူ နာမည်ကျော် အနုပညာရှင်များဖြစ်သည့် ဆရာကျော်ကျော်ဝင်း (X-Photographer)၊​ Alice Ong၊ အမရာဘုဏ်း၊ ထက်ယံ နှင့် Zeke တို့တက်ရောက်သွားမှာြဖစ်သည်။​ ပွဲတွင် ချစ်လှစွာသော အနုပညာရှင်များကနေ အထူးဖျော်ဖြေရေး အစီအစဥ်များနှင့် အတူ အားလုံးအတွက် မမေ့နိုင်သည့် အတွေ့အကြုံများကို ဖန်တီးနိုင်ရန်အတွက် mobile photography ပတ်သတ်တဲ့ အသိပညာ မျှဝေခြင်း အစီအစဥ်တစ်ခုကိုလည်းပြုလုပ်သွားမှာဖြစ်သည်။

တက်ကြွလန်းဆန်းသော ခံစားမှု များနှင့် အတူ အထူးအစီအစဉ်များကို ပျော်ရွှင်စွာခံစားနိုင်ဖို့အတွက် ပွဲမှာလာရောက်ပြီး ပါဝင်ဆင်နွှဲဖို့အတွက် အားလုံးကို ဖိတ်ခေါ် လိုက်ပါသည်။​ သင့်စိတ်ကြိုက်အနုပညာရှင်ကြယ်ပွင့်များ နှင့် တွေ့ဆုံနိုင်ပြီး vivo ၏ နောက်ဆုံးပေါ်ဖန်တီးမှု ကိုလေ့လာနိုင်မည့် ဤအံ့သြဖွယ်ရာ အချိန်ကောင်းကို လုံးဝလက်လွှတ်မခံပါနှင့်။

vivo V30e သုံးစွဲသူများအတွက် စိတ်ကျေနပ်ဖွယ် ရုပ်ထွက် နှင့် ပြိုင်ဘက်ကင်းသော အတွေ့အကြုံ ကိုယူဆောင်ပေးပါလိမ့်မည်။ V30e ကို သင်၏ဘဝလက်တွဲဖော်အဖြစ်လက်တွဲပြီး ဒစ်ဂျစ်တယ် လူနေမှုပုံစံအသစ်ကို ဖန်တီးနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံပါနှင့်။ vivo V30e ကို မေလ ၁၈ ရက်နေ့မှစတင်ပြီး vivo showroom နှင့် vivo ကောင်တာရှိသည့် ဖုန်းအရောင်းဆိုင်များတွင် ဝယ်​ယူရရှိနိုင် ပြီဖြစ်သည်။

 

Media release: vivo