vivo က အိန္ဒိယမှာ V40e ကို ကြေညာလိုက်ပြီး 6.67” Curved OLED Display ၊ အနောက်ကင်မရာ ၂ လုံးနဲ့ vivo Aura Light Portrait System ပါလာပါတယ်။

vivo V40e arrives with sleek design and Dimesnity 7300

V40e မှာ MediaTek Dimensity 7300 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားပါတယ်။ microSD Card စိုက်လို့ မရပါဘူး။

vivo V40e arrives with sleek design and Dimesnity 7300

Display Resolution က FHD+ ဖြစ်ပြီး 120Hz Refresh Rate နဲ့ 4,500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Autofocus ပါတဲ့ 50MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 8MP Ultrawide ကင်မရာ ပါလာပါတယ်။

vivo V40e key specs

Android 14 အခြေပြု FuntouchOS 14 မောင်းနှင်ထားပြီး Android Version Update ၃ နှစ်နဲ့ Security Patch ၄ နှစ်ရမှာ ဖြစ်ပါတယ်။ 80W Fast Charging ထောက်ပံ့တဲ့ 5,500mAh Battery တပ်ဆင်ထားပါတယ်။

V40e အတွက် Mint Green နဲ့ Royal Bronze အရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၃၄၇ ဒေါ်လာနဲ့ 8/256GB ကို ၃၇၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : gsmarena