vivo က စွမ်းရည်မြင့် ဖုန်းတွေအပြင် vivo Watch 3 ECG ကို ကြေညာလိုက်ပါတယ်။ အရင်နှစ် နိုဝင်ဘာလက ထွက်ခဲ့တဲ့ Watch 3 ရဲ့  မျိုးဆက်သစ် ဖြစ်ပြီး Watch 3 မှာ ECG တိုင်းတာတဲ့ စွမ်းရည် ထည့်သွင်းပေးလိုက်တာလို့ ပြောနိုင်ပါတယ်။

vivo Watch 3 ECG brings ECG to the Watch 3

နာရီအသစ်ကို ၂၃၄ ဒေါ်လာ သတ်မှတ်ထားပြီး X Series ဖုန်းနဲ့ တွဲဖက်ဝယ်ယူရင်  နာရီကို ၂၀၇ ဒေါ်လာနဲ့ ရမှာ ဖြစ်ပါတယ်။

Vivo Watch 3 gets new premium version with ECG, 16-day runtime, GPS and NFC  - NotebookCheck.net News

vivo က Watch 3 ECG ဟာ စက္ကန့် ၃၀ အတွင်း သင့်ရဲ့ ECG ကို တိုင်းတာပေးနိုင်တယ်လို့ ပြောပါတယ်။ တိုင်းတာပြီးရင် vivo Health App မှာ မှတ်တမ်းပြုစုပေးမှာ ဖြစ်ပြီး သင့်မှာ နှလုံးပြဿနာရှိသလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Watch 3 ECG မှာ Blue OS မောင်းနှင်ထားပြီး Watch 3 မှာလို eSIM ထောက်ပံ့ထားပါတယ်။ 1.43” 466×466 AMOLED Touchscreen တပ်ဆင်ထားပြီး 4GB Internal Storage နဲ့ 505mAh Battery ပါပါတယ်။

Ref : gsmarena