vivo X Flip ဒေါင်လိုက် Folding စမတ်ဖုန်းရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ကာ ထွက်ပေါ်လာခဲ့ပါတယ်။ vivo က အဲဒီ စမတ်ဖုန်းကို ကြေညာမယ့် နေ့ကို မပြောသေးပေမယ့် မော်ဒယ်နံပါတ် V2256A ဟာ vivo X Flip ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး အဓိက Specs တွေကို သိလာရပါတယ်။
vivo V2256A မှာ Android 13 OS မောင်းနှင်ထားပြီး 12GB RAM ထည့်သွင်းထားပါတယ်။ Benchmark Database မှာ Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမယ်လို့ ဖော်ပြထားပါတယ်။ အရင်က ပေါက်ကြားသတင်းအရလည်း vivo X Flip မှာ Snapdragon 8+ Gen 1 Chipset ပါလာမယ်လို့ သိရပါတယ်။
တခြား ပေါက်ကြားသတင်းတွေအရ vivo X Flip မှာ 6.8” FullHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ 4,400mAh Battery ပါလာမှာ ဖြစ်ပြီး 44W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Cover မျက်နှာပြင်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 50MP Main (IMX866) နဲ့ 12MP Ultrawide (IMX663) တို့ ဖြစ်ကြပါတယ်။
Ref : gsmarena