vivo က Foldable ဖုန်း ဖြစ်တဲ့ vivo X Fold2 ကိုကြေညာလိုက်ပါတယ်။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပြီး 120W Wired Charging ပါလာပါတယ်။

vivo X Fold2 and X Flip debut with Snapdragon 8 series chipsets and Zeiss cameras

Vivo X Fold2 မှာ 8.03 inch E6 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 2160x1916p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 6.53 inch 2520x1080p AMOLED Cover မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင် ၂ ခု စလုံးရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ 16MP အရှေ့ ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

vivo X Fold2 in its three official colors

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 50MP Main IMX866V (OIS) , 12MP Ultrawide နဲ့ 12MP 2x Portrait (20x Digital Zoom) တွေ ဖြစ်ပါတယ်။ ကင်မရာ စနစ်ကို Noise Reduction ပိုကောင်းပြီး HDR တွေ တိုးတက်စေတဲ့ vivo ရဲ့ V2 Image Chip က ထောက်ပံ့ထားပါတယ်။ X Fold2 ဟာ 8K 30fps Video တွေ ရိုက်ကူးနိုင်ပြီး Zeiss Cinematic Mode ပါပါတယ်။

Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပြီး Multitasking လွယ်ကူစွာ ပြုလုပ်နိုင်တဲ့ Taskbar ပါပါတယ်။ 120W Wired Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,800mAh Battery တပ်ဆင်ထားပါတယ်။

vivo X Fold2 အတွက် 12/256GB ကို ၈,၉၉၉ ယွမ် (၁,၃၀၈ ဒေါ်လာ)နဲ့ 12/512GB ကို ၉,၉၉၉ ယွမ် ( ၁,၄၅၃ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena