vivo X Fold2 ကို ဒီလထဲ ကြေညာမှာ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက ဧပြီလ ၂၀ ရက်နေ့ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး Clamshell Foldable vivo X Flip နဲ့ vivo Pad 2 တက်ဘလက်ကိုပါ ကြေညာမှာပါ။

vivo X Fold2, X Flip, Pad 2 officially arriving on April 20

အဲဒီ Device အားလုံးဟာ စွမ်းဆောင်ရည်မြင့်မားတယ်လို့ vivo ရဲ့ ဒုတိယ ဥက္ကဌ Huang Tao က ပြောပါတယ်။ Teaser တွေအရ 3D Imaging နည်းပညာ ပါလာမယ်လို့ ထင်ရပြီး ZTE ဖေဖော်ဝါရီလက MWC မှာ ပြသခဲ့တဲ့ ZTE Nubia Pad 3D နဲ့ တူညီနိုင်ပါတယ်။

vivo X Fold2, X Flip, Pad 2 officially arriving on April 20

vivo X Fold2 မှာ 8.03” Foldable E6 AMOLED မျက်နှာပြင်နဲ့ 6.53” E6 AMOLED Cover မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ မျက်နှာပြင်တွေအောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားနိုင်ပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားနိုင်ပါတယ်။

vivo X Flip မှာတော့ Snapdragon 8+ Gen 1 Chip မောင်းနှင်ထားနိုင်ပြီး 32MP Selfie Punch Hole ကင်မရာ ပါလာနိုင်ပါတယ်။ အနောက်ဘက် ပင်မ ကင်မရာက 50MP Sony IMX866 ဖြစ်နိုင်ပြီး OIS ပါလာမှာပါ။

vivo Pad 2 မှာ 12.1” LCD မျက်နှာပြင်နဲ့ Dimensity 9000 Chipset ပါလာနိုင်ပြီး 10,000mAh Battery ထည့်သွင်းထားနိုင်ပါတယ်။

မိတ်ဆက်ပွဲမှာ တရုတ်မှာ ရောင်းချမယ့် ဈေးနှုန်းကိုပါ ကြေညာမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena