vivo က စွမ်းရည်မြင့် X100 Ultra ကို ကြေညာလိုက်ပြီး ကင်မရာကို အသားပေး ဖန်တီးထားပါတယ်။ 1-inch Type Main ကင်မရာ ပါလာပြီး Sony LYT-900 Sensor ဖြစ်ပါတယ်။ 200MP Periscope ကင်မရာနဲ့ အားဖြည့်ထားပါတယ်။ 1/1.4” Sensor ဟာ ဖုန်းတွေထဲမှာ အကြီးမားဆုံး Telephoto Sensor ဖြစ်ပါတယ်။

vivo X100 Ultra debuts with 200MP periscope cam and SD 8 Gen 3 - GSMArena.com news

Periscope Lens မှာ 3.7x Optical Zoom ထောက်ပံ့ထားပြီး Telephoto Macro Mode က 20x Magnification ကို ရစေပါတယ်။ 50MP Main ကင်မရာက 4K 120fps Video ရိုက်ကူးနိုင်ပြီး အနောက်ဘက်မှ တတိယ ကင်မရာက 50MP Ultrawide ဖြစ်ပါတယ်။

တခြား Specs တွေအကြောင်းပြောရရင် 6.78” LTPO AMOLED 1440x3200p Display တပ်ထားပြီး 1-120Hz Refresh Rate , 3,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ အရှေ့ကင်မရာက 50MP ဖြစ်ပါတယ်။

vivo X100 Ultra debuts with 200MP periscope cam and SD 8 Gen 3

Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု OriginOS 4 ပါလာပြီး 80W Wired နဲ့ 30W Wireless Charging ထောက်ပံ့တဲ့ 5,500mAh Battery ထည့်ထားပါတယ်။ vivo က X100 Ultra အတွက် တရုတ်မှာ 5.5G နဲ့ ဂြိုလ်တုဆက်သွယ်ရေးရမယ်လို့ ပြောပါတယ်။

Titanium , White နဲ့ Grey အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၈၉၈ ဒေါ်လာနဲ့ 16GB RAM/1TB Storage ကို ၁,၁၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၈ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena