vivo ဟာ အခုဆိုရင် Flagship ဖုန်းတွေဖြစ်တဲ့ vivo X100 နဲ့ X100 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။​ မကြာခင် ဇန်နဝါရီလအတွင်းမှာ အဆိုပါ vivo X100 ဖုန်းတွေကို Global စျေးကွက်မှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်သလို vivo က နောက်ထပ် vivo X100 Series ဖုန်းအသစ်တစ်လုံးကိုပါ မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။​

အဆိုပါ vivo X100 Series ဖုန်းသစ်ရဲ့ နာမည်ကို vivo X100s လို့ ပေးထားမယ်လို့ သိရပြီး အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ သတင်းအချို့ကို ထပ်မံ ဖော်ပြလိုက်ပါတယ်။

Digital Chat Station ရဲ့ ပြောကြားချက်အရ vivo X100s ဖုန်းဟာ 6.78″ BOE 8T OLED Display ကို အသုံးပြုထားပြီး 1.5K Resolution အပြင် 120Hz Refresh Rate ကိုပါ ထောက်ပံ့ပေးထားမှာပါ။​ အရှေ့က vivo X100 Series တွေနဲ့ မတူညီတဲ့အချက် Curved Display အစား Flat Display ကိုပဲ​ အသုံးပြုထားမယ်လို့ သိရပါတယ်။​

ဒါ့အပြင် Performance ပိုင်းမှာ vivo X100 ဖုန်းလိုမျိုးပဲ​ MediaTek Dimensity 9300 Chipset ကိုပဲ​ အသုံးပြုထားမှာဖြစ်ပါတယ်။​ 5000mAh Battery ပါဝင်မှာဖြစ်ပြီး Charging ပိုင်းမှာ 120W သို့မဟုတ် 80W ကို ထောက်ပံ့ပေးလာမှာပါ။​

Camera ပိုင်းအနေနဲ့ကတော့ vivo X100s ဟာ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး Main Camera ကို 50MP Sony IMX920 OIS Sensor ၊​ 50MP Samsung JN1 Ultrawide Sensor နဲ့ 64MP OmniViison OV64B 3x Telephoto Periscope Sensor တွေပါဝင်မှာဖြစ်ပါတယ်။

အခု vivo X100s ဖုန်းဟာ စျေးနှုန်းအနေနဲ့ အရှေ့က vivo X100 Series ဖုန်းတွေထက် ပိုမိုသက်သာမှာဖြစ်ပြီး တရုတ်နိုင်ငံစျေးကွက်မှာ အရင်မိတ်ဆက်လာနိုင်ပါတယ်။​ vivo ဟာ vivo X100s အပြင် 200x Digital Zoom ကို ထောက်ပံ့ပေးနိုင်တဲ့ 200MP Periscope Telephoto Sensor ပါဝင်မယ့် vivo X100 Pro+ ဖုန်းကိုလည်း မကြာခင် မိတ်ဆက်နိုင်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။​

Ref – Gizmo China