vivo က X100s နဲ့ X100s Pro ကို ကြေညာလိုက်ပြီး Dimensity 9300+ Chip အသစ် ထည့်သွင်းထားပါတယ်။ အဲဒီဖုန်း ၂ လုံးမှာ 6.78” LTPO AMOLED Display တပ်ဆင်ထားပြီး X100s မှာ Flat Display နဲ့ Pro မှာ Curved Display ပါပါတယ်။ 2800x1260p Resolution , 120Hz Refresh Rate , 3000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

vivo X100s and X100s Pro arrive with Dimensity 9300+, X100s is thinner and  with a flat display - GSMArena.com news

16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ X100s Pro ရဲ့ အနောက်ဘက်မှာ 50MP Main (1” Sensor) , 50MP Super Telephoto နဲ့ 50MP  Ultrawide Angle ကင်မရာတွေ တပ်ဆင်ထားပါတယ်။ X100s မှာတော့ 50MP Main, 64MP Telephoto နဲ့ 50MP Ultrawide ကင်မရာတွေ ပါပါတယ်။ Pro က 8K Video ရိုက်နိုင်ပြီး ရိုးရိုးက 4K Video ရိုက်နိုင်ပါတယ်။ ဆဲလ်ဖီး အတွက် ဖုန်း ၂ လုံးစလုံးမှာ 32MP ကင်မရာ ပါပါတယ်။

vivo X100s and X100s Pro arrive with Dimensity 9300+, X100s is thinner and with a flat display

X100s မှာ 5,100mAh Battery နဲ့ Pro မှာ 5,400mAh Battery တပ်ဆင်ထားပါတယ်။ Pro မှာ 100W Wired နဲ့ 50W Wireless Charging ၊ ရိုးရိုးမှာ 100W Wired Charging ပဲ ပါပါတယ်။ ဖုန်း  ၂ လုံးစလုံးအတွက် Titanium , White နဲ့ Black/Dark Gray အရောင်တွေ ထုတ်လုပ်ထားပြီး ရိုးရိုး မော်ဒယ်အတွက် Green အရောင်ပါပါတယ်။

ဈေးနှုန်း

Vivo X100s Pro:

  • 12GB RAM + 256GB storage: 4999 yuan ($961)
  • 16GB RAM + 512GB storage: 5599 yuan ($774)
  • 16GB RAM + 1TB storage: 6199 yuan ($857)

Vivo X100s:

  • 12GB RAM + 256GB storage: 3999 yuan ($553)
  • 16GB RAM + 256GB storage: 4399 yuan ($608)
  • 16GB RAM + 512GB storage: 4699 yuan ($650)
  • 16GB RAM + 1TB storage: 5199 yuan ($719)

Ref : gizmochina