vivo ကနေ မကြာခင်မိတ်ဆက်မယ့် X300 Ultra ဖုန်းဟာ ကျောဘက်မှာ 200MP ကင်မရာနှစ်လုံးကို တပ်ဆင်ထားတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း ဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီကင်မရာနှစ်လုံးက Main ကင်မရာနဲ့ 85mm focal distance ရှိတဲ့ Periscope telephoto ကင်မရာတို့ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 50MP ultrawide ကင်မရာတစ်လုံးလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

vivo X300 Ultra to be the world's first smartphone with two 200MP cameras -  GSMArena.com news

Periscope telephoto ကင်မရာမှာ 1/1.4″ အရွယ်အစားရှိတဲ့ sensor ကို အသုံးပြုထားဖွယ်ရှိပြီး အဲဒီ sensor က Samsung ကနေ မကြာသေးခင်ကမှ ကြေညာခဲ့တဲ့ vivo အတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ ISOCELL HPB sensor ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီ sensor ကို X300 Pro မှာလည်း သုံးလာနိုင်ပါတယ်။ X300 Ultra မှာ vivo ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ video chip၊ imaging chip တွေနဲ့အတူ ကြည်လင်ပြတ်သားမှုကို ပေးစွမ်းမယ့် Zeiss T* coating လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Vivo X300 Pro camera hardware revealed with new 200 MP telephoto camera  rumoured - NotebookCheck.net News

X300 Ultra မှာ X300 နဲ့ X300 Pro မှာလိုပဲ autofocus ပါတဲ့ 92-degree မြင်ကွင်းကျယ် 50MP selfie ကင်မရာကို တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm က မကြာခင်မိတ်ဆက်မယ့် Snapdragon 8 Elite ရဲ့ နောက်မျိုးဆက်သစ် flagship chipset ကို အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : gsmarena