Vivo နောက်ဆုံးရောင်းထားတဲ့ စွမ်းရည်မြင့် ဖုန်းက X50 Pro+ ဖြစ်ပြီး 50MP , 13MP Periscope Telephoto (5x Optical Zoom) , 32MP Telephoto (2x Optical Zoom) စတဲ့ အလန်းစား ကင်မရာတွေ ထည့်သွင်းထားပါတယ်။ အခုတော့ Vivo က အလန်းစားဖုန်းကို ဖက်ရှင်ပိုမိုက်အောင် Alexander Wang Fashion Brand နဲ့ ပူးပေါင်းပြီး အထူးထုတ် မော်ဒယ်ကို ကြေညာလိုက်ပါတယ်။

Vivo X50 Pro+ Alexander Wang Edition လို့ နာမည်ပေးထားပြီး အနောက်ဘက် ဒီဇိုင်းကို ဆန်းသစ်ထားသလို Wang စာသားရေးထိုးထားပါတယ်။ FuntouchOS 10.5 မှာ အထူးထုတ် Theme ၁ ခု ထည့်သွင်းပေးထားပါတယ်။ Specs အကြောင်းပြောရရင် မူလမော်ဒယ်နဲ့ တူပါတယ်။ Snapdragon 865 SoC မောင်းနှင်ထားပြီး အထူးထုတ် မော်ဒယ်မှာ 12GB RAM + 256GB Storage အထိ ထည့်သွင်းထားပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကုမ္ပဏီ ဝက်ဘ်ဆိုက်ကနေ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး 12/256GB ကို  ၅,၉၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၁ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး တရုတ်ပြင်ပမှာ ရောင်းမယ့်ပုံ မပေါ်ပါဘူး။

Ref : gsmarena