Vivo ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ X50 Pro+ ဟာ Camera ပိုင်းကို အဓိက အားစိုက်ထားတာ ဖြစ်ပါတယ်။ အခုတော့ DxOMark ကနေ Vivo X50 Pro+ ဖုန်းရဲ့ Camera ပိုင်းရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

DxOMark ရဲ့ ထုတ်ပြန်ချက်အရတော့ Vivo X50 Pro+ ဖုန်းဟာ Total Score အနေနဲ့ ၁၂၇ မှတ်အထိ ရရှိခဲ့ပြီး လက်ရှိစမတ်ဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံး တတိယနေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi Mi 10 Ultra နဲ့ Huawei P40 Pro ပြီးရင် Camera အကောင်းဆုံး စမတ်ဖုန်းလို့ပြောရမှာပါ။

Photo ပိုင်းအနေနဲ့လည်း Vivo X50 Pro+ ဟာ ၁၃၉ မှတ်အထိ ရရှိထားခဲ့ပြီး Zoom ပိုင်းမှာ သိသိသာသာကို အရည်အသွေးကောင်းမွန်တယ်ဆိုပြီး သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကျန်တဲ့ Exposure ၊ Dynamic Range နဲ့ Color Rendering တွေမှာလည်း DxOMark ရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

Video ပိုင်းမှာလည်း Vivo X50 Pro+ စမတ်ဖုန်းဟာ ရမှတ် ၁၀၄ မှတ်ရရှိခဲ့ပြီး လက်ရှိအကောင်းဆုံး Video ရိုက်ကူးနိုင်တဲ့ဖုန်းတွေထဲက တစ်လုံးလို့ ပြောရင်လည်းမမှားပါဘူး။ X50 Pro+ ရဲ့ Stabilization စနစ်က သိသိသာသာပိုကောင်းတယ်လို့ သိရပြီးတော့ 8K Video ရိုက်ကူးနိုင်ပေမယ့် 4K 30fps Mode က ရုပ်ထွက်အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Vivo အနေနဲ့ အခုလိုမျိုး X50 Pro+ ဖုန်းရဲ့ Camera ပိုင်းမှာ တကယ်ကို အဆင့်တစ်ခုရရှိခဲ့တာဖြစ်ပါတယ်။

Ref – GSM Arena