Vivo ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ X60 နဲ့ X60 Pro ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ X60 Pro+ ကို မကြာခင်ထပ်မံမိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Vivo X60 Pro+ ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။

ဒါကတော့ လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ Vivo X60 Pro+ ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ Official ထုတ်ပြန်လိုက်တဲ့ Poster ဓါတ်ပုံမှာတော့ X60 Pro+ ရဲ့ Feature တွေကို ဖော်ပြထားခြင်းမရှိပါဘူး။

Vivo က အခုလိုမျိုး ပြောကြားခဲ့ခြင်းမရှိပေမယ့် Chinese Retailer တစ်ဦးရဲ့ ဖော်ပြချက်အရတော့ Vivo X60 Pro+ မှာ Qualcomm Snapdragon 888 Chipset ၊ ZEISS Optics ကို အသုံးပြုထားတဲ့ Quad Camera Setup နဲ့ High Quality Audio တွေပါဝင်မယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Vivo X60 Pro+ ဖုန်းဟာ 55W Fast Charging ကိုလည်း Support ပေးနိုင်မှာဖြစ်ပြီး RAM 12GB လည်း ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 11 ကို အသုံးပြုလာမှာပါ။

Vivo X60 Pro+ စမတ်ဖုန်းဟာ စျေးနှုန်းအရလည်း မြင့်မားနိုင်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ Android ဖုန်းတွေထဲမှာ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena