Vivo ကနေ ယခုလအတွင်းမှာ Flagship Series စမတ်ဖုန်းတွေဖြစ်တဲ့ Vivo X60 Series တွေကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်နေတာ အချိန်ကြာမြင့်နေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Vivo ကနေ အဆိုပါ ဖုန်းတွေကို လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုတာကို ကြေညာလိုက်ပါပြီ။

Vivo ရဲ့ X60 Series ဖုန်းတွေအနေနဲ့ကတော့ Vivo X60 ၊ X60 Pro နဲ့ X60 Pro+ ဆိုပြီး ၃ မျိုး မိတ်ဆက်လာနိုင်ပါတယ်။ လက်ရှိသတင်းတွေထွက်ရှိထားသလောက်ကတော့ အဆိုပါ စမတ်ဖုန်းတွေဟာ Samsung Exynos 1080 Chipset အပြင် Camera ပိုင်းမှာလည်း ZEISS Optics နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

အရင်ဆုံး Vivo X60 ဖုန်းမှာဆိုရင် 48MP Primary + 13MP Ultrawide + 8MP Portrait Sensor တွေပါဝင်မှာဖြစ်ပြီး RAM 8GB ကိုမှ Storage 128GB သို့မဟုတ် 256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Vivo X60 Pro ဖုန်းအနေနဲ့ကတော့ 48MP Primary + 13MP Ultrawide + 8MP Portrait + 8MP Telephoto Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ RAM 12GB + 256GB Storage နဲ့ပဲ မိတ်ဆက်လာမှာပါ။

အရောင်တွေအနေနဲ့ကတော့ Vivo X60 မှာ Blue Gradient ၊ Black နဲ့ Shimmer ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး X60 Pro မှာတော့ Blue Gradient နဲ့ Black ပဲ ရွေးချယ်နိုင်မှာပါ။ Battery အနေနဲ့ X60 မှာ 4300mAh နဲ့ X60 Pro မှာတော့ 4200mAh Battery တွေပါဝင်မှာဖြစ်ပြီး 33W Fast Charging ကို Support ပြုလုပ်မယ်လို့ ယူဆရပါတယ်။

Vivo X60 Pro+ ဖုန်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် Qualcomm Snapdragon 888 Chipset အပြင် ပိုကောင်းမွန်တဲ့ Camera Setup ကိုပါ အသုံးပြုလာဖို့ရှိနေပါတယ်။

Ref – Gizmo China