ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းက Geekbench ပေါ်မှာ Vivo X60s 5G ကို ကုဒ်နာမည် Vivo 2006 နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Bluetooth SIG မှာလည်း Vivo 2006 ကုဒ်နာမည်နဲ့ ထပ်ပြီးတွေ့ခဲ့ရပါသေးတယ်။

ဒီနောက်ပိုင်းမှာ Vivo X60s 5G ရဲ့ သတင်းတွေ တိတ်ဆိတ်သွားခဲ့ပြီး နှစ်လနီးပါးအကြာ ဇူလိုင်လကုန်ခါနီးမှ လှုပ်လှုပ်ရှားရှား ဖြစ်လာတာပါ။ ဒီတစ်ခါ ထပ်တွေ့ရတာက ဒိန်းမတ်အေဂျင်စီ UL Demko Certified ရသွားတာ ဖြစ်ပါတယ်။ UL Demko မှာလည်း ကနဦးတွေ့ရတဲ့ ကုဒ်နာမည်တွေဖြစ်တဲ့ Vivo 2006 နဲ့ V2006 တွေပါပဲ။

UL Demko certified က Vivo X60s 5G အကြောင်း အများကြီး မဖော်ပြနိုင်ပေမယ့် ဒီဟန်းဆက်ဟာ 33W အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်ဆိုတဲ့အကြောင်းကိုတော့ ဖော်ပြနိုင်ခဲ့ပါတယ်။ ဒီ Certification ဟာ Vivo X50 စီးရီး ဖြစ်တဲ့ X50, X50 Pro နဲ့ Flagship Vivo X50 Pro+ တို့ကို ဖြန့်ချိပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Vivo X60s 5G နဲ့ပတ်သက်ပြီး အခြားအကြောင်းအရာတွေကို မသိရသေးပေမယ့် Geekbench အရ ဒီဟန်းဆက်ဟာ 1.80GHz base frequency နဲ့ 8core processor တပ်ဆင်ထားတာကို သိခဲ့ရပါတယ်။ ဒါ့အပြင် Android 10 မောင်းနှင်ထားပြီး မန်မိုရီကလည်း 8GB RAM ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ Vivo အနေနဲ့ ဒီဟန်းဆက်ကို တရုတ်ပြည်တွင်းဈေးကွက်မှာ အရင်ဖြန့်ချိသွားဖွယ်ရှိပြီး Vivo X60s 5G ဆိုတဲ့နာမည်အစား အခြားနာမည်တစ်ခုခု သုံးစွဲသွားဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။

Ref: Gizmochina