Vivo ဟာ ပြီးခဲ့တဲ့တစ်ပတ်က တရုတ်ပြည်တွင်းဈေးကွက်မှာ X50 စီးရီးကို ဖြန့်ချိခဲ့ပါတယ်။ ဒီစီးရီးထဲမှာ Vivo X50, Vivo X50 Pro နဲ့ Flagship ဖြစ်တဲ့ Vivo X50 Pro+ တို့ ပါဝင်ပါတယ်။ အခုတော့ Vivo ဟာ ဖုန်းအသစ်ကို Vivo X60s 5G လို့ ခေါ်တွင်မယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Vivo X60s ဟာ မော်ဒယ်နံပါတ် V2006 နဲ့အတူ Bluetooth certificate ရရှိပြီးပါပြီ။ X60s ကို ပွဲမထုတ်ခင်စပ်ကြားမှာ ထုံးစံအတိုင်း Geekbench ပေါ်မှာတွေ့မြင်ရပြီဖြစ်သလို Benchmark ရလဒ်တွေကိုလည်း သိရှိရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Geekbench မှာ မြင်တွေ့ရတဲ့ အဓိကအစိတ်အပိုင်း အချို့ရဲ့ အချက်အလက်တွေကိုလည်း သိကြရပါပြီ။

Benchmark အရ “vivo vivo 2006” ဟာ Android 10 မောင်းနှင်ထားပြီး 8GB of RAM တပ်ဆင်ထားပါတယ်။ Processor ကတော့ Qualcomm ဖြစ်ပြီး 1.80 GHz Base Frequency ဖြစ်ပါတယ်။ ဒါကြောင့် သတင်းထွက်ထားတဲ့အတိုင်း Snapdragon 765 5G ဖြစ်တယ်လို့ ဆိုရမှာပါ။ Single-Core ရမှတ်က 615 မှတ်ဖြစ်ပြီး Multi-Core ရမှတ်က 1,815 မှတ် ဖြစ်ပါတယ်။

အခုအချိန်ထိတော့ Vivo X60s ရဲ့ ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး သတင်းထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ အလားတူပဲ မျက်နှာပြင်အကြောင်း၊ ကင်မရာတွေအကြောင်း စတဲ့အဓိကအချက်အလက်တွေလည်း ထွက်ပေါ်လာခြင်းမရှိသေးတာကြောင့် ရက်သတ္တပတ်အနည်းငယ်တော့ ဆက်ပြီးစောင့်ဆိုင်းရဦးမှာပါ။ နောက်တစ်ချက်က Vivo အနေနဲ့ X60s 5G ကို တရုတ်ပြည်တွင်းဈေးကွက်မှာပဲ သီးသန့်ဖြန့်ချိသွားမှာလားဆိုတာကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina