vivo က Y03 ကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပြီး တခြားနိုင်ငံတွေမှာလည်း မကြာခင် မိတ်ဆက်နိုင်ပါတယ်။ ဈေးနှုန်းအလွန်ချိုသာတဲ့ စွမ်းရည်နိမ့် စမတ်ဖုန်း ဖြစ်ပါတယ်။

vivo Y03 gets official with Helio G85 SoC, incredibly low price

Y03 မှာ MediaTek Helio G85 SoC မောင်းနှင်ထားပြီး 5G မရပါဘူး။ 4GB LPDDR4x RAM နဲ့ 64GB or 128GB eMMC 5.1 Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်သလို 4GB RAM Extension လုပ်နိုင်ပါတယ်။

6.56” 720×1612 LCD မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ QVGA ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

vivo Y03 gets official with Helio G85 SoC, incredibly low price - GSMArena.com news

15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Space Black နဲ့ Gem Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

4/64GB မော်ဒယ်ကို ၈၃ ဒေါ်လာနဲ့ 4/128GB မော်ဒယ်ကို ၉၆ ဒေါ်လာ သတ်မှတ်ထားပြီး လက်ရှိငွေလဲနှုန်းအရ ၃၀၀,၀၀၀ နဲ့ ၃၄၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ vivo Y03 ဟာ ဈေးအသက်သာဆုံး ဖုန်းတွေထဲမှာ ၁ လုံး ဖြစ်လာပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena