vivo  က မတ်လမှာ ဒေါ်လာ ၁၀၀ အောက် စွမ်းရည်နိမ့် ဖုန်း ဖြစ်တဲ့ Y03 ကို ကြေညာခဲ့ပါတယ်။ အခုတော့ ဖိလစ်ပိုင်မှာ Y03t ကို မိတ်ဆက်လိုက်ပြီး Unisoc T612 Chipset ကို အသုံးပြုထားပါတယ်။ vivo Y03 မှာတော့ MediaTek Helio G85 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးရဲ့ ကျန်တဲ့ Specs တွေက တူညီကြပါတယ်။

vivo Y03t key specs

vivo Y03t မှာ 6.56” LCD HD+ 90Hz Display တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP Main ကင်မရာ နဲ့ QVGA 0.08MP ကင်မရာ တပ်ဆင်ထားပါတယ်။ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပါတယ်။

vivo Y03t debuts with Unisoc T612 and 90Hz LCD - GSMArena.com news

vivo Y03t အတွက် Space Black နဲ့ Gem Green အရောင်တွေ ထုတ်လုပ်ထားပြီး Shopee Philippines မှာ ၇၈ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။

vivo Y03t ဟာ တန်ဖိုးနည်း စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။

Ref : gsmarena