vivo က Y100 Series အတွက် ဖုန်း ၃ လုံးကို ကြေညာထားပြီးပြီ ဖြစ်ပြီး အခုတော့ စတုတ္ထမြောက် vivo Y100 5G ကို အင်ဒိုနီးရှားမှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းဟာ တခြား မော်ဒယ်တွေထက် စွမ်းရည်ပိုမြင့်တဲ့ Specs တွေ ထည့်သွင်းထားပြီး Qualcomm Snapdragon 4 Gen 2 Chipset ၊ 80W Charging နဲ့ 50MP Main ကင်မရာ ပါလာပါတယ်။

vivo Y100 5G debuts with Snapdragon 4 Gen 2 and 80W charging

6.67” AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်မှာ 8MP အရှေ့ကင်မရာ တပ်ဆင်ထားတဲ့ Punch Hole ထည့်သွင်းထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

vivo Y100 5G debuts with Snapdragon 4 Gen 2 and 80W charging

အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ Flicker Sensor တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု Funtouch OS 14 မောင်းနှင်ထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

vivo Y100 5G အတွက် Black Onyx နဲ့ Purple Orchid အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အင်ဒိုနီးရှားမှာ 8/128GB ကို ၂၄၆ ဒေါ်လာနဲ့ 8/256GB ကို ၂၆၅ ဒေါ်လာ သတ်မှတ်ထားပြီး vivo နဲ့ မိတ်ဖက်စတိုးတွေကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena