5G Chipset ၊ 512GB Storage နဲ့ 5,000mAh Battery ပါတဲ့ vivo Y100i ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ တရုတ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ရောင်းချပေးလိုက်ပါပြီ။ ၁,၅၉၉ ယွမ် သတ်မှတ်ထားပြီး ၂၂၅ ဒေါ်လာ ဝန်းကျင်ကျသင့်ပါတယ်။ vivo Y100 ထက် ဈေးသက်သာပြီး မျက်နှာပြင် အပိုင်းမှာ လျှော့ချထားပါတယ်။

vivo Y100i brings 50 MP camera and 512 GB storage on the cheap

vivo Y100i မှာ 6.64” LCD မျက်နှာပြင်ပြား တပ်ဆင်ထားပြီး Full HD+ Resolution ပါပါတယ်။ Punch Hole မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ ညာဘက်ခြမ်းက ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

vivo Y100i brings 50 MP camera and 512 GB storage on the cheap

vivo Y100i မှာ Dimensity 6020 Chipset မောင်းနှင်ထားပါတယ်။ 7nm နည်းပညာနဲ့ တည်ဆောက်ထားပြီး 2.2GHz Performance Core ၂ လုံးနဲ့ 2.0GHz Efficiency Core ၆ လုံး ပါပါတယ်။ 12GB RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 50MP , 2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ 44W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားပါတယ်။ နားကြပ်ပေါက် တပ်ဆင်ထားပြီး Dual Nano SIM Slot ပါပါတယ်။

vivo Y100i အတွက် Pink, Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena