vivo က အိန္ဒိယမှာ တန်ဖိုးနည်း စွမ်းရည်နိမ့် Y18e ကို ကြေညာလိုက်ပါတယ်။ Y18e မှာ 6.56” LCD Display တပ်ဆင်ထားပြီး HD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Vivo Y18, Vivo Y18e price in India, key specs leaked ahead of official launch

အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာနဲ့ အ‌ေနာက်ဘက်မှာ 13MP Main , 0.08MP ကင်မရာ ၂ လုံးပါပါတယ်။ Helio G85 Processor မောင်းနှင်ထားပြီး Android 14 အခြေပြု FunTouch OS 14 ပါပါတယ်။ 4GB LPDDR4X RAM နဲ့ 64GB eMMC 5.1 Storage ထည့်သွင်းထားပြီး 4GB Virtual RAM နဲ့ microSD Card Slot ပါပါတယ်။

Vivo Y18, Vivo Y18e price in India, key specs leaked ahead of official launch

vivo Y18e မှာ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး USB 2.0 နဲ့ပဲ အားသွင်းနိုင်တာက သိပ်မမိုက်ပါဘူး။ dual-band Wi-Fi, Bluetooth 5.0, GPS, FM radio, a USB-C port နဲ့ 3.5mm audio jack တွေ ထောက်ပံ့ထားပြီး IP54 ရေစိုခံစံနှုန်း ပါပါတယ်။

vivo Y18e ကို vivo India Website မှာ စာရင်းတင်ထားပြီး ဈေးနှုန်းကို မဖော်ပြထားသေးပါဘူး။ Gem Green နဲ့ Space Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina