vivo က ဒီနှစ် အစောပိုင်းမှာ Y18 နဲ့ Y18e ကို ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ Y18i ကို မိတ်ဆက်လိုက်ပါတယ်။ vivo Y18i ဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပါတယ်။

Vivo Y18i India Launch

6.56” LCD HD+ Dipslay တပ်ဆင်ထားပြီး 90Hz Refresh Rate ပါလာတာက မိုက်ပါတယ်။ တန်ဖိုးနည်း ဖုန်းတွေမှာ များသောအားဖြင့် 60Hz Display ပဲ ထည့်သွင်းပေးထားကြတာပါ။

Vivo Y18i priced at Rs 7,999 launched in India: Check specifications,  availability – India TV

Unisoc T612 Processor မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပြီး Android 14 အခြေပြု vivo FuntouchOS 14 ထည့်သွင်းထားပါတယ်။

ကင်မရာအကြောင်းပြောရရင် Y18i ရဲ့ အနောက်ဘက်မှာ 13MP Main နဲ့ Secondary ကင်မရာ ၂ လုံး ပါလာပြီး ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပါတယ်။ 5,000mAh Battery ထည့်သွင်းထားပြီး Bluetooth 5.1, WiFi , USB 2.0 Port ပါပါတယ်။ IP54 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။

vivo Y18i ရဲ့ 4GB RAM / 64GB Storage Version ကို ၇,၉၉၉ ရူပီး သတ်မှတ်ထားပြီး Gem Green နဲ့ Space Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အိန္ဒိယမှာ မကြာခင် ရောင်းချမှာပါ။

Ref : gizmochina