Vivo ဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Y20 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သလို အခုအချိန်မှာလည်း 2021 Model အနေနဲ့ Vivo Y20 (2021) ဆိုပြီး အသစ်ထပ်မံမိတ်ဆက်လိုက်ပါပြီ။ Model အသစ်ဖြစ်ပေမယ့်လည်း ယခင် Vivo Y20 နဲ့ ယှဥ်မယ်ဆိုရင် ပြောင်းလဲမှုတွေအများအပြားမရှိဘူးလို့တောင် ပြောနိုင်ပါတယ်။

အဓိကပြောင်းလဲမှုတွေအနေနဲ့ကတော့ Chipset ပိုင်းဖြစ်ပြီး Vivo Y20 ရဲ့ Qualcomm Snapdragon 460 Chipset ကို MediaTek Helio P35 Chipset နဲ့ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Charging Speed ကိုလည်း 10W ကနေ 18W အထိ တိုးမြှင့်ခဲ့သလို Funtouch OS 11 ကိုလည်း တစ်ပါတည်းအသုံးပြုလာမှာပါ။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 6.51″ HD+ LCD Display ကို Waterdrop Notch Design ထည့်သွင်းထားပြီး Side Mounted Fingerprint Sensor ၊ 5000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့လည်း 13MP Primary + 2MP Depth + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup နဲ့ Front Selfie Camera ကို 8MP Sensor ထည့်သွင်းပေးထားပါတယ်။

RAM နဲ့ Storage အနေနဲ့ကတော့ 4GB+64GB တစ်မျိုးတည်း မိတ်ဆက်ထားပြီး အရောင်အနေနဲ့ Dawn White နဲ့ Nebula Blue ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RM599 (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Ref – GSM Arena