vivo က ပြီးခဲ့တဲ့ အောက်တိုဘာလက Y200 ကို ကြေညာခဲ့ပြီး အခုတော့ Y200e ကို ချပြလိုက်ပါတယ်။ vivo Y200e မှာ Snapdragon 4 Gen 2 SoC မောင်းနှင်ထားပြီး Android14 အခြေပြု Funtouch OS 14 ပါပါတယ်။ 6GB/8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

vivo Y200e arrives with Snapdragon 4 Gen 2, 50MP camera, and 120Hz AMOLED screen

vivo Y200e မှာ 6.67” 120Hz FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှုပ်နှံထားပါတယ်။ 16PM ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

vivo Y200e arrives with Snapdragon 4 Gen 2, 50MP camera, and 120Hz AMOLED screen

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 50MP Main , 2MP Depth နဲ့ Flicker Sensor တို့ ဖြစ်ပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။ 44W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး 5G , USB-C , Dual Stereo Speakers နဲ့ Hi-Res Audio ထည့်သွင်းထားပါတယ်။

vivo Y200e arrives with Snapdragon 4 Gen 2, 50MP camera, and 120Hz AMOLED screen - GSMArena.com news

vivo Y200e ရဲ့ 6GB/128GB Version ကို အိန္ဒိယမှာ ၁၉,၉၉၉ ရူပီး (၂၄၀ ဒေါ်လာ) နဲ့ 8GB/128GB Version ကို ၂၀,၉၉၉ ရူပီး (၂၅၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ Flipkart နဲ့ vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena