vivo က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ Y200 ကို ကြေညာခဲ့ပြီး အခုတော့ Y200i ကို မိတ်ဆက်လိုက်ပါတယ်။ 6.72” 2408x1080p Display တပ်ဆင်ထားပြီး ဈေးချိုတဲ့အတွက် LCD Panel ဖြစ်နိုင်ပါတယ်။

Snapdragon 4 Gen 2 Chip မောင်းနှင်ထားပြီး Y200 ရဲ့ SD 4 Gen 1 ထက် ပိုကောင်းလာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးတပ်ဆင်ထားပြီး 50MP Main နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာ ပါပါတယ်။

အမိုက်ဆုံးက 6,000mAh Battery ဖြစ်ပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ အားသွင်းနှုန်းက 44W ဖြစ်ပါတယ်။ Bluetooth နဲ့ WiFi ဆက်သွယ်မှုတွေ ထည့်သွင်းထားပြီး နားကြပ်ပေါက်၊ GPS နဲ့ Beidou Navigation System တွေ ပါပါတယ်။

vivo Y200i ရဲ့ 8/256GB Version ကို ၂၄၈ ဒေါ်လာ၊ 12/256GB ကို ၂၆၂ ဒေါ်လာနဲ့ 12/512GB ကို ၂၇၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ vivo က ရောင်းချမယ့်နေ့ကို မပြောသေးပေမယ့် China Telecom မှာ မကြာခင် ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဖုန်းကို မကြာခင်က Geekbench မှာတွေ့လာရပြီး အမှတ်တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gizmochina