vivo က Y200 Series ဖုန်း အသစ် ၄ လုံးကို ကြေညာလိုက်ပြီး ဒီမှာ Y200t နဲ့ Y200 GT အကြောင်းကို ပြောပြမှာပါ။ Y200t ဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပြီး 6.72” LCD FHD+ 120Hz Display , Snapdragon 6 Gen 1 Chip နဲ့ 44W Fast Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 8MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

vivo Y200t and Y200 GT announced - GSMArena.com news

Y200 GT ဟာ တရုတ်မှ iQOO Z9 ကို အမည်ပြောင်းထားတာ ဖြစ်ပြီး 6.78” AMOLED FHD+ 144Hz Display , Snapdragon 7 Gen 3 Chipset နဲ့ 80W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS) , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

vivo Y200t and Y200 GT announced - GSMArena.com newsvivo Y200t and Y200 GT announced - GSMArena.com news

ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု OriginOS မောင်းနှင်ထားပါတယ်။

vivo Y200t and Y200 GT announced - GSMArena.com news

Y200t ရဲ့ 8/128GB ကို ၁၆၅ ဒေါ်လာနဲ့ 12/512GB ကို ၂၃၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Y200 GT အတွက် အနက်နဲ့ အပြာရောင်ထုတ်လုပ်ထားပြီး 8/128GB ကု ၂၀၇ ဒေါ်လာနဲ့ 12/512GB ကို ၂၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးကို မေလ ၂၄ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena