Vivo ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Vivo Y20 (2021) နာမည်နဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Vivo Y20A နာမည်နဲ့ နောက်ထပ် Budget စမတ်ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အရင်ဆုံး Vivo Y20A စမတ်ဖုန်းဟာ 6.51″ IPS LCD Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ HD+ Resolution ကိုပဲ Support ပေးမှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ Waterdrop Notch Design အနေနဲ့ ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။

Performance ပိုင်းမှာ Qualcomm Snapdragon 439 Chipset ကို အသုံးပြုထားပြီးတော့ RAM 3GB နဲ့ 64GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Storage ထပ်မံတိုးချဲ့ဖို့အတွက် MicroSD Card Slot ကို ထောက်ပံ့ပေးထားပါသေးတယ်။ Software ပိုင်းမှာတော့ Android 10 OS ကို အခြေခံထားတဲ့ Funtouch OS 11 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပြီး 13MP Primary Sensor ၊ 2MP Macro Sensor နဲ့ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Sensor ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပေမယ့် MicroUSB ကနေ 10W Charging ကိုပဲ Support ပြုလုပ်မှာပါ။ Fingerprint Sensor ကိုတော့ ဘေးဘက် Power Button အနေနဲ့ ထည့်သွင်းထားပါတယ်။

အရောင်အနေနဲ့ကတော့ Nebula Blue နဲ့ Dawn White ဆိုပြီး ထွက်ရှိလာမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ Rs 11,490 (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Ref – Gizmo China