vivo ဟာ မကြာသေးခင်တုန်းက India စျေးကွက်အတွက် Y77 5G ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ MediaTek Dimensity 810 Chipset ကို အဓိက အသုံးပြုထားပြီး 6.58″ Full HD+ Display အပြင် 5000mAh Battery တွေလည်းပါဝင်မှာဖြစ်ပါတယ်။

အခုလည်း vivo ကနေ နောက်ထပ် 5G စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပြီးတော့ အခုမိတ်ဆက်သွားမယ့် vivo 5G ဖုန်းကတော့ vivo Y30 5G ဖြစ်မယ်လို့ သိရပါတယ်။ အဆိုပါ vivo Y30 5G ဖုန်းဟာ vivo ကုမ္ပဏီအတွက် Budget ပိုင်းကို အဓိကရည်ရွယ်ထားမယ့် 5G ဖုန်းတစ်လုံးဖြစ်လာမှာပါ။

ဒါကြောင့် vivo Y30 5G ဖုန်းဟာ Performance ပိုင်းမှာ MediaTek ရဲ့ Dimensity 700 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး အမြင့်ဆုံး RAM 6GB နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ အတိအကျမသိရသေးပေမယ့် Storage ကို microSD Card ကနေတစ်ဆင့် ထပ်မံတိုးချဲ့နိုင်မယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း Budget ဖုန်းဖြစ်လာမယ့်အတွက် Display ပိုင်းမှာတော့ 6.51″ HD+ Display ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး Refresh Rate ပိုင်းမှာလည်း 60Hz ကိုပဲ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 13MP Back Camera နဲ့ 8MP Selfie Camera တွေပါဝင်လာမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း 5000mAh Battery ပါဝင်မှာဖြစ်ပြီး 10W Charging ကို အသုံးပြုထားမှာဖြစ်ပါတယ်။

vivo Y30 5G ဖုန်းရဲ့ စျေးနှုန်းနဲ့ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပေမယ့် လက်ရှိအချိန်မှာ Thailand NBTC Certification တွေကိုပါ ရရှိထားပြီးဖြစ်တာကြောင့် မကြာခင်အချိန်အတွင်းမှာ တရားဝင် မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China