vivo က ပြီးခဲ့တဲ့လမှာ Y300 Pro ကို ကြေညာခဲ့ပြီး အခုတော့ vivo Y300 Plus ကို မိတ်ဆက်လိုက်ပါတယ်။ vivo Y300 Plus မှာ Snapdragon 695 SoC, 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားကာ 1TB microSD Card စိုက်နိုင်ပါတယ်။

vivo Y300 Plus unveiled: Snapdragon 695, 50MP camera, and 5,000 mAh battery

vivo Y300 Plus မှာ 6.78” FullHD+ Curved AMOLED Display တပ်ဆင်ထားပြီး 120Hz Refresh Rate , 1300 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display ကို ရေစိုတဲ့လက်နဲ့ အသုံးပြုနိုင်ပါတယ်။ Punch Hole မှာ 32MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး Under-display Fingerprint Scanner ပါပါတယ်။

vivo Y300 Plus unveiled: Snapdragon 695, 50MP camera, and 5,000 mAh battery

အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ Island ထဲမှာ 50MP Main နဲ့ 2MP Auxiliary ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ AI Erase နဲ့ AI Photo Enhance စတဲ့ AI စွမ်းရည်တွေ ထည့်သွင်းထားပါတယ်။ Android 14 အခြေပြု  Funtouch OS 14 မောင်းနှင်ထားပြီး 44W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

vivo Y300 Plus အတွက် Silk Black နဲ့ Silk Green အရောင် ထုတ်လုပ်ထားပြီး အိန္ဒိယမှာ 23,999 Rupee (၂၈၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ရောင်းချပေးနေပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့်သတင်းကို မသိရသေးပါဘူး။

Ref : gsmarena